
ဗန်ကောက် ဇူလိုင် ၂၈
ထိုင်းနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၁၆၅၃၃ ဦးကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၄၃၃၆၁ ဦး ရှိလာကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စီမံခန့်ခွဲ ရေးအဖွဲ့က ယနေ့ပြောကြားသည်။
အလားတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် ၁၃၃ ဦး ထပ်မံသေဆုံးသည့်အတွက် အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၃၉၇ ဦးရှိလာ ကြောင်း အဆိုပါအဖွဲ့ကဆိုသည်။ မြို့တော် ဗန်ကောက်၌ ပြီးခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၉၇ ဦးကို တွေ့ရှိခဲ့သည်။
နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ နှင့် သေဆုံးမှုများမြင့်တက်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ် လာခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန်အတွက် နိုင်ငံ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားသောဒေသများတွင် ကုသရေးဆေးရုံများကို ဖွင့်လှစ်ခဲ့ပြီး ရောဂါလက္ခဏာအနည်းငယ်သာပြသသော လူနာ များကို ၎င်းတို့၏ နေအိမ်များတွင်သာ ခွဲခြားစောင့် ကြည့်မှုခံယူစေလျက်ရှိသည်။
နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များ ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လမှစတင်ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လက်ရှိ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၆ သန်းကျော်အား ထိုးနှံပေးနိုင်ခဲ့ပြီး နိုင်ငံသား ၃ ဒသမ ၇ သန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံ မှုခံယူပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ