ထိုင်းနိုင်ငံ၌ ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်မှု ၁၅၀၀၀ ကျော်လွန်

 

ဘန်ကောက်   ဇူလိုင်   ၂၅


ထိုင်းနိုင်ငံ၌ ဇူလိုင် ၂၅ ရက်က ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရသူ ၁၅၀၀၀ ကျော် တွေ့ရှိခဲ့ပြီး ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ နေ့စဉ်ကူးစက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် ၁၅၀၀၀ ကျော်လွန် ခြင်းဖြစ်သည်။ 
ပြီးခဲ့သည့် သီတင်းပတ်အတွင်း နေ့စဉ်ကူးစက်မှု မှာ ၁၀၀၀၀ အထိ ရှိခဲ့သည်။ နေ့စဉ်ကူးစက်မှုမှာ ၁၅၃၃၅ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ ၁၂၉ ဦး ရှိခဲ့သည်။ အခြားသော အရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် ထိုင်းနိုင်ငံ၏ ကိုဗစ် - ၁၉ ကူးစက်မှုမှာ  ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကြောင့် ပိုမိုများပြား လာခဲ့သည်။ 
မြို့တော်အနီးတစ်ဝိုက်ရှိ ဆေးရုံများတွင် လူနာ များနှင့် ပြည့်နှက်နေပြီး အချို့သောလူများမှာ ရောဂါ ကူးစက်ခံရပြီးနောက် နေအိမ်၌ပင် သေဆုံးခဲ့ကြရ သည်။  ကနဦးတွင်    ထိုင်းနိုင်ငံသည်   ကိုဗစ် - ၁၉ ကူးစက်မှုကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည်။ 
သို့သော်လည်း     ယခုနှစ်      ဧပြီလမှစတင်ကာ ကူးစက်မှုများ  တဖြည်းဖြည်း  များပြားလာခဲ့သည်။ ကာကွယ်ဆေးထိုးပေးသည့်  အစီအစဉ်မှာလည်း အခက်အခဲများရှိပြီး လူဦးရေ ၂၀ ရာခိုင်နှုန်းကိုသာ  ပထမအကြိမ် ကာကွယ်ဆေးထိုးပေးရသေးသည်။ 

ကျိုဒို