
ဘန်ကောက် ဧပြီ ၁
ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ နောက် ထပ်ကူးစက်ခံရသူ ၂၈၃၇၉ ဦး ထပ်မံတွေ့ရှိသဖြင့် ယခုအချိန် အထိ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု နှုန်းအမြင့်ဆုံးဖြစ်ကြောင်း သိရ သည်။ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်းမှာ ၃ ဒသမ ၆၅ သန်းကျော် ရှိလာပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ နေ့စဉ် ကူးစက်မှုနှုန်းမှာ သုံးရက် ဆက်တိုက်တိုးလာခဲ့ပြီး မတ် ၃၁ ရက်က ရောဂါကူးစက်ခံရသူ ၂၇၅၆၀ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၅၀ ရှိ ကြောင်း ကိုဗစ်-၁၉ ရောဂါ စီမံ ခန့်ခွဲရေးဌာန(CCSA)၏ ထုတ်ပြန် ချက်အရ သိရသည်။
ထိုင်းနိုင်ငံသည် ခရီးသွား ကဏ္ဍ ပြန်လည်ရှင်သန်ရန် အတွက် နိုင်ငံအတွင်းဝင်ရောက် ရန် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများကို ဖြေလျှော့ပေး ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁ ရက်မှ စတင်ကာ နိုင်ငံတကာခရီးသွား များ ထိုင်းနိုင်ငံသို့ဝင်ရောက်လျှင် ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းစင် ကြောင်း စစ်ဆေးမှုရလဒ်ကို ပြသရန်မလိုတော့ကြောင်း၊ သို့ သော် ထိုင်းနိုင်ငံသို့ရောက်ရောက် ခြင်း RT-PCT စစ်ဆေးမှုခံယူရန် လိုအပ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူမှာ ၉၂ ဦးရှိပြီး ယင်းပမာဏသည် ငါးလ ကျော်ကာလအတွင်း အမြင့်ဆုံး သေဆုံးမှု ပမာဏဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၂၅၂၂၂ ဦး ရှိပြီးဖြစ် ကြောင်း ကိုဗစ်-၁၉ ရောဂါစီမံ ခန့်ခွဲရေးဌာန (CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခု ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံများနှင့် အခြားသောနေရာ များတွင် ဆေးကုသမှုခံယူနေရသူ ၂၅၁၂၁၄ ဦးရှိပြီး ၁၈၂၈ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိ ကြောင်း CCSA ၏ ထုတ်ပြန်ချက် အရ သိရသည်။ မတ် ၃၁ ရက်အထိ ၇၂ ဒသမ ၃ ရာခိုင်နှုန်း (နိုင်ငံ လူဦးရေအနက် သန်း ၇၀) နီးပါးမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးဖြစ်ပြီး ၃၄ ဒသမ ၁ ရာခိုင်နှုန်းမှာ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပြီးဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ