
ဗန်ကောက် ဇူလိုင် ၃၁
ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိသော်လည်း အောက်တိုဘာလ အတွင်း နိုင်ငံ၏ခရီးသွားလုပ်ငန်းကို ပြန်လည်စတင် ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း ထိုင်းဒုတိယ ဝန်ကြီးချုပ် အာနုတင်ချာန်ဗီရာကူလ်က ယမန်နေ့ တွင် ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီး သည့် နိုင်ငံခြားသားဧည့်သည်များအား ဖူးခက် ကမ်းခြေအပန်းဖြေစခန်းသို့ လာရောက်ခွင့်ပြုသွား မည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် အာနုတင် ချာန်ဗီရာကူလ်က ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။
ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် ဖူးခက် ကမ်းခြေကို ဩဂုတ် ၃ ရက်မှ ၁၆ ရက်အထိ ယာယီ ပိတ်ထားကြောင်း သိရသည်။
ဗိုင်းရပ်စ်ကူးစက်မှုများ လျော့ကျရန် နိုင်ငံသား များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံမှုခံယူကြရန် ထိုင်းဒုတိယဝန်ကြီးချုပ် အာနုတင် ချာန်ဗီရာကူလ်က တိုက်တွန်းပြောကြားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၉၁၂ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၉၇၂၈၇ ဦးရှိလာသည်။ အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၁၇၈ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူ ပေါင်း ၄၈၅၇ ဦးရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်