ထိုင်းနိုင်ငံ၌ ကြောက်မက်ဖွယ်ပစ်ခတ်သတ်ဖြတ်မှုများကို ရှောင်ရှားရန် လက်နက်နှင့်မူးယစ်ဆေး ထိန်းချုပ်မှုများလုပ်ဆောင်သွားမည်

 

ဘန်ကောက် အောက်တိုဘာ ၁၃


ပြီးခဲ့သည့်  သီတင်းပတ်အတွင်း ကလေးသူငယ်ပြုစုစောင့်ရှောက် ရေးဂေဟာ၌   ကြောက်မက်ဖွယ် ပစ်ခတ်သတ်ဖြတ်မှုကြီး   အပြီး တွင်  လက်နက်နှင့်  မူးယစ်ဆေး ထိန်းချုပ်မှုများကို ထိုင်းအစိုးရက လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိ သည်ဟု  သိရသည်။ 

 


ပြီးခဲ့သည့်     သီတင်းပတ် ကြာသပတေးနေ့က   ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ    ကလေး သူငယ်စောင့်ရှောက်ရေး   ဂေဟာ တွင် ရဲအရာရှိဟောင်းတစ်ဦးက သေနတ်ဖြင့်     ပစ်ခတ်ခြင်းနှင့် ဓားဖြင့်တိုက်ခိုက်မှုများ ကျူးလွန် ခဲ့သည်။ ၎င်း၏   လက်ချက်ဖြင့် ကလေး ၂၄ ဦးအပါဝင် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။ ယင်းသို့ ကျူးလွန်ခဲ့သူမှာ     မူးယစ်ဆေး လက်ဝယ်ထားရှိမှုမှတ်တမ်းရှိသူလည်းဖြစ်သည်။ ၎င်းအသုံးပြုခဲ့ သည့် သေနတ်ကလည်း တရားဝင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ယခင် လုပ်ငန်းခွင်မှ ယူဆောင်လာခြင်း မဟုတ်ဟု ရဲများက ပြောသည်။ 

 


လက်နက်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်မှု    ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အောက်တိုဘာ ၁၂ ရက်တွင် ဝန်ကြီးအဆင့် အစည်း အဝေးပြုလုပ်ခဲ့သည်။ လက်နက် ကိုင်ဆောင်ခွင့်   လိုင်စင်လျှောက် ထားသူသည်    စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို   ပြုလုပ်ရန်လိုအပ် ကြောင်းနှင့် နှစ်စဉ်သုံးနှစ်မှ ငါးနှစ် တစ်ကြိမ်   စိတ်ပိုင်းဆိုင်ရာအကဲ ဖြတ်မှုကို    လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မူးယစ်ဆေးမှောင်ခိုသမားများကို လည်း  ပြင်းထန်သည့်အပြစ်ပေးမှုများပြုလုပ်သွားရန် သဘောတူခဲ့ ကြသည်။        

အင်န်အိတ်ချ်ကေ