
ဘန်ကောက် မတ် ၂၇
လျှပ်စစ်ကားဈေးကွက် ပြိုင်ဆိုင် မှုပြင်းထန်နေချိန် ထိုင်းနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို မတ် ၂၇ ရက်မှ ဧပြီ ၇ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ဘန်ကောက် အပြည်ပြည် ဆိုင်ရာ မော်တော်ကားပြပွဲကို နိုင်ငံ မြို့တော်၌ ကျင်းပရန်စီစဉ် ထားပြီး ကားအမှတ်တံဆိပ်ပေါင်း ၄၉ခု ပါဝင်ပြသမည်ဖြစ်သည်။ မော်တော်ကား ကုမ္ပဏီများသည် ၎င်းတို့၏ လျှပ်စစ်ကား မော်ဒယ် များကို ထိုင်းဈေးကွက်တွင် ပြသ မည်ဖြစ်သည်။
တရုတ်ကားကုမ္ပဏီဖြစ်သည့် Changan သည်လည်း အမျိုးသမီး များနှင့် လူငယ်များကို ပစ်မှတ် ထားကာ အမေရိကန်ဒေါ်လာ ၁၃၂၀၀ တန် တန်ဖိုးနည်း ကား ကိုပြသမည်ဖြစ်သည်။
ဗီယက်နမ် လျှပ်စစ်ကား ကုမ္ပဏီဖြစ်သည့် Vinfast သည် လည်း ယခုနှစ်ပြပွဲတွင် ပါဝင် ကြောင်း ကြေညာခဲ့သည်။ တောင် ကိုရီးယား ကားကုမ္ပဏီဖြစ်သည့် ဟွန်ဒေးသည်လည်း ကားပြပွဲတွင် ၎င်းတို့၏ လျှပ်စစ်ကား မော်ဒယ် များကို အလေးပေးပြသမည်ဖြစ် သည်။ Isuzu ကားကုမ္ပဏီသည် လည်း ထိုင်းနိုင်ငံ၌ နာမည်ကြီး သည့် လျှပ်စစ်ကား ပစ်ကပ်ထရပ် ကား၏ ရှေ့ပြေးပုံစံကို ထုတ်ဖော် ပြသခဲ့သည်။
ယင်းကုမ္ပဏီသည် ၂၀၂၅ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံတွင် အဆိုပါကားကို စတင်ထုတ်လုပ်နိုင်ရန်စီစဉ်ထားသည်။ တိုယိုတာ နှင့် မစ်ဆူဘစ်ရှီကားကုမ္ပဏီတို့ သည်လည်း ၎င်းတို့၏ ဟိုက်ဘရစ် ကားများ၏ စွမ်းဆောင်ရည်ကို အလေးပေးကာ ပြိုင်ဘက်များကို အမီလိုက်နိုင်ရေး ကြိုးပမ်းနေ သည်။
အင်န်အိတ်ချ်ကေ