ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီ အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် တစ်ရက်လျှင် လူ ၂၀၀ နှုန်းဖြင့် တစ်ရက်ခြား ပြန်လည်လက်ခံပေးသွားမည်

 

မြဝတီ    ဇူလိုင်   ၃၁


ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများ အား   မြဝတီမြို့ရှိ  မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည် ကြိုဆိုလက်ခံခြင်းအား    ရပ်နားထားရာမှ ယနေ့ သြဂုတ် ၁ ရက်မှစ၍ ပြန်လည်ကြိုဆို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့   ပြန်လည်လက်ခံရာတွင်  တစ်ရက် လျှင် လူဦးရေ   ၂၀၀ နှုန်းဖြင့် နံနက် ၈   နာရီမှ   စတင်၍  တစ်ရက်ခြားသာ ပြန်လည်လက်ခံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ နေရပ်ပြန်များအား ကြိုဆိုလက်ခံ ရေးတွင်   အဆင်ပြေစေရေး၊   ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ် တကျ     ပြန်လည်ကြိုဆိုလက်ခံပေးနိုင်ရေး အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထိုသို့ ကြိုတင်ပြင်ဆင်နေမှုများအား မြဝတီခရိုင်         စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊   ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး   ဦးအောင် ချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများအား ယနေ့ နံနက် ၉ နာရီက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား BCF ဇုန်တွင်  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး   လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ထိန်လင်းအောင်