
ရန်ကုန် မတ် ၁၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် အသုံး ပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် တစ်သန်း doses အနက် ပထမအသုတ် ကာကွယ် ဆေး ငါးသိန်း Doses နှင့် ဆေးထိုးအပ် ငါးသိန်းအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင် ၌ ပြုလုပ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အချိန်ပြည့် အလုပ်အမှုဆောင် ဒေါက်တာ တင်ညွန့်၊ အထွေထွေအတွင်း ရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နောင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးမှ Charge d' affaires, Mrs.Kanokwan Pengsuwan, Minis-ter Counsellor- Ms. Chana Sindhvananda ၊ First Secret-ary, Ms.Chalermkwan Worr-anit နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို နယ်စပ်ဒေသများ အပါ အဝင် ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးလျက်ရှိသည့် ဒေသများ တွင် ဦးစားပေး၍ ထိုးနှံပေးမည် ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အဓိကအရေးကြီးသည့် ဦးတည် အုပ်စုများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးကို ဦးတည်ချက်ထား၍ လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆက်လက်ဆောင်ရွက် လျက်ရှိရာတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် မတ် ၁၂ ရက်အထိ လူဦးရေ စုစုပေါင်း ၂၄ ဒသမ ၇ သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၂၁ ဒသမ ၄သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃ ဒသမ ၃ သန်း ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ မတ် ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၇ ဒသမ ၀၁ သန်း ထိုးနှံပြီးဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို အကြိမ်ပြည့်ထိုးနှံမှုခံယူ ထားခြင်းဖြင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ရောဂါကြောင့် ဆေးရုံ တက်ရောက်ရမှုနှင့် သေဆုံးရမှုကို သိသာစွာ လျှော့ချနိုင်သည်ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ရေရှည် အတွက် အကောင်းဆုံးနည်းလမ်း မှာ ရည်မှန်းဦးတည်အုပ်စုများ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုခံယူထား ခြင်းပင်ဖြစ်သည်။
ကာကွယ်ဆေးမထိုးနှံရသေး သော မိဘပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးများနှင့် ဆက်သွယ်ပြီး ဦးတည်အုပ်စုအားလုံး ရာနှုန်း ပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေး ကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်