
ဘန်ကောက် အောက်တိုဘာ ၁၇
ရုရှားလူမျိုးများအတွက် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်း ကဏ္ဍကို မြှင့်တင်ရန်အလို့ငှာ ရုရှားကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ကာလကို ထိုင်းအစိုးရက သက်တမ်းတိုးမြှင့်လိုက်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သက်တမ်းတိုးမြှင့်သည့်ကာလမှာ နိုဝင်ဘာ ၁ ရက်မှ လာမည့်နှစ် ဧပြီ ၃၀ ရက်အထိ ခြောက်လ သက်တမ်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရုရှားခရီးသွားများကို ရက်ပေါင်း ၉၀ ကြာ ဗီဇာ ကင်းလွတ် နေထိုင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
လေကြောင်းလိုင်းပျံသန်းပြေးဆွဲမှု ပြန်လည်စတင်
ယူကရိန်းအား အထူးစစ်ဆင်ရေး ဆင်နွှဲပြီး နောက် ရုရှားနိုင်ငံသို့ ဥရောပလေကြောင်းလိုင်း များ၊ အမေရိကန်နှင့် အခြားသော နိုင်ငံများမှ လေကြောင်းလိုင်း ဝင်ခွင့်များကို ရပ်နားထားခဲ့ သည်။ ထို့အပြင် ထိုင်းနိုင်ငံသည်လည်း တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုကို ရပ်နား ထားခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် လေကြောင်းလိုင်းပျံသန်း ပြေးဆွဲမှု ပြန်လည်စတင်ခဲ့သည်။
ထိုင်းနိုင်ငံသည် မကြာသေးမီက တရုတ်နှင့် ကာဇက်စတန်နိုင်ငံတို့မှ ခရီးသွားများအတွက်လည်း ဖေဖော်ဝါရီလကုန်အထိ ဗီဇာလိုအပ်ချက်များကို လျှော့ပေါ့ပေးခဲ့သည်။ ၎င်းတို့သည် လက်ရှိထိုင်း နိုင်ငံတွင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်ခွင့် ဖြင့် နေထိုင်နိုင်ကြောင်း သိရသည်။
တစ်နှစ်လျှင်ခရီးသွား သန်း ၄၀ ခန့် ဝင်ရောက်မှုရှိ
ခရီးသွားလုပ်ငန်းကို အားထားရသော ထိုင်း နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားမီကာလ က တစ်နှစ်လျှင် ခရီးသွား သန်း ၄၀ ခန့် ဝင်ရောက် မှုရှိကြောင်း သိရသည်။ မကြာသေးမီက ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် သည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ကူညီ ထောက်ပံ့ရန် ကတိပြုထားသည်။
အင်န်အိတ်ချ်ကေ