
တိုကျို ဩဂုတ် ၅
ထိုင်းနိုင်ငံအရှေ့ပိုင်း နိုက်ကလပ် တစ်ခုတွင် ဩဂုတ် ၅ ရက် နံနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွား ရာ ၁၃ ဦး သေဆုံးကြောင်း သိရ သည်။ ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီပြည်နယ်၌ ဒေသ စံတော်ချိန် နံနက် ၁ နာရီခန့်တွင် မီးလောင်မှု စတင်ဖြစ်ပွားကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ပြောကြား သည်။
မီးလောင်မှု ဖြစ်ပွားပြီး နှစ်နာရီခန့်အကြာတွင် မီးငြိမ်း သွားကြောင်း၊ မီးလောင်မှုကြောင့် ဈေးဝယ်သူများနှင့် အလုပ်သမား ၁၃ ဦး သေဆုံးကြောင်း၊ အခြား လူ ၄၀ မှာ ဆေးကုသမှုခံယူနေ ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။ အဆိုပါ နိုက်ကလပ်မှာ ဘန်ကောက်မြို့မှ နှစ်နာရီခန့်ကြာ မောင်းနှင်ရပြီး ဒေသခံများ မကြာ ခဏ သွားလေ့ရှိကြောင်း သိရ သည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အဆိုပါနေရာ၌ လူများစည်ကား နေကြောင်း၊ မီးလောင်မှုဖြစ်ပွား ရခြင်းနှင့်ပတ်သက်၍ ဒေသခံ ရဲများက စုံစမ်းစစ်ဆေးနေ ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ် ကလည်း ဘန်ကောက်မြို့လယ်ရှိ နိုက်ကလပ်တစ်ခုတွင် နှစ်သစ်ကူး ပွဲတော်ကျင်းပနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ