
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ကို စခန်း ငါးခုနှင့် Mobile Unit သုံးခုတို့ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ ထုတ်ပေးနေရာ လာထုတ်သူများပြား ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်သူတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း သက်သေခံလက်မှတ် ထုတ်ပေးရေးစခန်း (Certificate of Identity- CI) ငါးခုကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီတို့တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ကာ Mobile Unit များကို ဆုန်ခလာ၊ ချင်းမိုင်နှင့် နခွန်စဝမ်တို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
‘‘မနေ့က ဘန်ကောက်မြို့အနီး စမုပရာကန် ခရိုင်မှာဖွင့်ထားတဲ့ CI စခန်းတစ်ခုမှာပဲ စာအုပ် လျှောက်တဲ့သူ ၈၀၀ နီးပါး ရှိပါတယ်။ ဒါစဖွင့်တဲ့ နေ့မှာပဲ။ ဘတ်ရိုက်ထားတဲ့ အလုပ်သမားတွေ က CI စာအုပ်ရမှပဲ ခရိုင်တစ်ခုနဲ့တစ်ခု သွားလာ တာ အဆင်ပြေမှာဖြစ်သလို နေရပ်ပြန်ရင်လည်း လေယာဉ်နဲ့ပါ ပြန်လို့ရတော့ အများက CI စာအုပ်ပြုလုပ်ဖို့အတွက် စောင့်နေကြတာပါ’’ ဟု ၎င်းကဆိုသည်။
CI ထုတ်ပေးမှုအခြေအနေကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ၊ အလုပ် သမား သံအရာရှိရုံး သံမှူး ဦးမျိုးမင်းအောင်၊ United K.M.K မှ တာဝန်ရှိသူများ၊ Partner Associates International Co., Ltd မှ တာဝန်ရှိ သူများက ကြည့်ရှုအားပေးသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်သူများမှာ ယခင်ကလည်း မကြာခဏ အဖမ်းခံရပြီး နယ်စပ် တွင် အာဏာပိုင်များကလည်း လုံခြုံရေးများကို ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
MT