ထိုင်းဘုရင့်တပ်မတော်နေ့ ဧည့်ခံပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၂၀


ထိုင်းဘုရင့်တပ်မတော်နေ့ ဧည့်ခံ ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ    ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊  တပ်မတော်အရာရှိ ကြီးများ၊   ရန်ကုန်မြို့ရှိ   နိုင်ငံခြား သံရုံးများမှ     စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 

 


ဦးစွာ အခမ်းအနားသို့ တက် ရောက်လာကြသော      ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့် ဧည့်သည် တော်များကို  မြန်မာနိုင်ငံဆိုင်ရာ  ထိုင်းနိုင်ငံဒုတိယ သံအမတ်ကြီး Mrs.Kanokwan  Pengsuwan ၊ ထိုင်းနိုင်ငံစစ်သံမှူး        Senior Colonel. Saranyanis Sutthi-wajchinadej    နှင့်   ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့ နောက်    နှစ်နိုင်ငံ    နိုင်ငံတော် သီချင်းကို ဖွင့်လှစ်ကာ အလေးပြု ကြပြီး ထိုင်းစစ်သံမှူးက နှုတ်ခွန်း ဆက်စကား    ပြောကြားသည်။ ဆက်လက်၍ ထိုင်းဘုရင့်တပ်မ တော်နေ့၏ video ကို ဖွင့်လှစ် ပြသသည်။ 

 


ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့်   ထိုင်းစစ်သံမှူး တို့က ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်     ကိတ်မုန့်ကို  လှီးဖြတ်ကြပြီး တက်ရောက်လာ ကြသော ဧည့်သည်တော်များနှင့် အတူ      စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက်   ထိုင်းစစ်သံမှူးနှင့်       ဇနီးတို့က အခမ်းအနားသို့ တက် ရောက်လာကြသော  ဧည့်သည် တော်များကို    နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်