ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

 

နေပြည်တော် ဇန်နဝါရီ   ၂၀


မြန်မာနိုင်ငံက      အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၈) ကြိမ် မြောက် မြန်မာ - ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ခဲ့သည့်   ထိုင်းဘုရင့် တပ်မတော်  ကာကွယ်ရေးဦးစီး ချုပ်   General  Chalermphon Srisawasdi နှင့် ဇနီး Madame Budsakorn        Srisawasdi ဦးဆောင်သည့်   ကိုယ်စားလှယ် အဖွဲ့အား  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့ညပိုင်း တွင်   ရခိုင်ပြည်နယ်   သံတွဲမြို့ ငပလီကမ်းခြေရှိ     Jasmine Ngapali Resort ၌ ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံသည်။

 


ကြိုဆိုနှုတ်ဆက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်    ဇနီး တို့က    ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီး ဦးဆောင်သည့်    ကိုယ်စားလှယ် အဖွဲ့အား        ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ 

 


မီးပုံးပျံများလွှတ်တင်


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊   ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီး တို့သည် (၈) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး           အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်     မီးပုံးပျံများ ကို         တက်ရောက်လာကြသည့် နှစ်ဖက်တပ်မတော်    အရာရှိကြီး များနှင့်အတူ       အတူတကွ လွှတ်တင်ကြသည်။

 


ယင်းနောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်       ကာကွယ်ရေးဦးစီး ချုပ်နှင့်       ဇနီး၊   ထိုင်းဘုရင့် တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီးတို့သည် တက်ရောက် လာကြသူများနှင့်အတူ   ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင် ကြသည်။

 


အဆိုပါ  ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့          နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊  ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီး တို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်         ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်      (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်      (လေ) ဗိုလ်ချုပ်ကြီး       ထွန်းအောင်နှင့်  ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်   အရာရှိကြီးများနှင့် ဇနီးများ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့်     ဇနီးများ၊ နှစ်နိုင်ငံ  စစ်သံမှူးများနှင့်  ဇနီး များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


ညစာ        မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်   မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များ၊   အနုပညာဦးစီး ဌာနနှင့်   မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတို့မှ   အနုပညာရှင်များ၊ ပြင်ပ       အနုပညာရှင်များနှင့် ပြည်နယ်       ယဉ်ကျေးမှုအဖွဲ့မှ အနုပညာရှင်များက  တေးသံသာ များဖြင့်   သီဆိုတီးမှုတ်ကပြ ဖျော်ဖြေကြသည်။

 


မီးရှူးမီးပန်းများ
 ဂုဏ်ပြုပစ်ဖောက်


ဖျော်ဖြေမှုများအပြီးတွင် (၈)ကြိမ်မြောက် မြန်မာ  -  ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့် မြင့်အရာရှိကြီးများ အစည်းအဝေး အောင်မြင်ခြင်း    အထိမ်းအမှတ် အဖြစ် မီးရှူးမီးပန်းများကို ဂုဏ်ပြု ပစ်ဖောက်သည်။

 


လက်ဆောင်ပစ္စည်းပေးအပ်


ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်နှင့်    ဇနီး၊    ထိုင်းဘုရင့် တပ်မတော်  ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန် အလှန် ပေးအပ်ကြသည်။

 


ထို့နောက်            နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး    ဦးစီး ချုပ်နှင့်     ဇနီး၊       ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်နှင့်  ဇနီးတို့သည်  သီဆိုကပြ ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင် များအား    ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း    သတင်းရရှိ သည်။                    
   

သတင်းစဉ်