နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ် General Chalerm-phon Srisawasdi ၏ ဇနီး Mad-ame Budsakorn Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော် အရာရှိကြီးများ၏ ဇနီးတို့နှင့်အတူ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ တန်ခိုး ကြီးဘုရားများအား သွားရောက် ဖူးမြော်ကြည်ညိုပြီး(ယာပုံ)အထင် ကရနေရာများသို့ သွားရောက် လေ့လာသည်။
ဖူးမြော်ကြည်ညို
ဦးစွာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် တပ်မတော် အရာရှိကြီးများ၏ ဇနီးများနှင့်အတူ ရွှေအံတော် စေတီသို့ ရောက်ရှိကြရာ ဂေါပက အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် စေတီတော် မြတ်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကာ စေတီတော် ကြီးအတွက် ဘက်စုံအလှူငွေ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ ဝင်များက လက်ခံရယူကြသည်။ ယင်းနောက် ရွှေနံတော်စေတီသို့ သွားရောက်ဖူးမြော် ကြည်ညို ကြသည်။
လက်မှုပစ္စည်းများ ကြည့်ရှု
မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီးနှင့်အဖွဲ့သည် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး၊ တပ်မတော်အရာ ရှိကြီးများ၏ ဇနီးများနှင့်အတူ Amazing Ngapali Resort သို့ သွားရောက်ကာ ရခိုင်ရိုးရာ ရက်ကန်းနှင့် ရိုးရာလက်မှုပစ္စည်း များကို လေ့လာကြည့်ရှုကြပြီး Amazing Ngapali Resort မှ ဖျော်ဖြေသည့် ရခိုင်ရိုးရာသီချင်း အကအလှများကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ရိုးရာအကအဖွဲ့ အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်



