
နေပြည်တော် နိုဝင်ဘာ ၂၂
ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက် သော ထိုင်းဘုရင့်လေတပ်ဦးစီး ချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်သို့ရောက်ရှိ လာရာ တပ်မတော်(လေ)မှ အရာ ရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးနှင့် တာဝန်ရှိသူ များက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန်(နေပြည်တော်) သို့သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်း ဖြင့် နိုင်ငံတော်နှင့် တပ်မတော် အတွက် အသက်စွန့်ခဲ့ကြသူများ အား အလေးပြုကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်မှ ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ် တမ်းတင် လက်မှတ်ရေးထိုး သည်။
အဆိုပါ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul အား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြု ကြိုဆိုသည်။
ဦးစွာ ကာကွယ်ရေးဦးစီး ချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ အား လိုက်လံကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် အခမ်းအနား သို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ လေတပ်အရာရှိများအား အပြန်အလှန် မိတ်ဆက်ပေးကြပြီး ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်က ဘုရင့်နောင်ရိပ်သာ ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ် တမ်းတင် လက်မှတ်ရေးထိုး သည်။
ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေး သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အဖြစ် အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသား စေလွှတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ဆက်ဆံ ရေး ပိုမိုတိုးတက်ကောင်းမွန်စေ ရေး ဆိုင်ရာကိစ္စရပ်များ၊ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ နည်းပညာအချက် အလက်ဖလှယ်ရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief-HADR) ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်းဘုရင့် လေတပ် ဦးစီးချုပ်တို့သည် အထိမ်းအမှတ် တံဆိပ်များအပြန် အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့် ထိုင်းဘုရင့် လေတပ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ညနေပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တည်ခင်းဧည့်ခံ သော ဂုဏ်ပြုညစာစားပွဲကို Jasmine ဟိုတယ်ရှိ ပုဂံဆောင်၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ရာ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့် တပ်မတော် (လေ)မှ အရာရှိကြီးများ တက် ရောက်ကာ ညစာကိုအတူတကွ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင် နေစဉ်အတွင်း ဖျော်ဖြေရေးအဖွဲ့ များက တေးသံသာများဖြင့် ဖျော်ဖြေကြသည်။
ထို့ပြင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ သည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုပြီး ဆင်ဖြူတော်များ အား သွားရောက်လေ့လာ ကြည့်ရှု ခြင်းနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော် ကြည်ညိုခဲ့ပြီး ကျောက်စာရုံ စေတီတော်များနှင့် သာသနိက အဆောက်အဦများအား လှည့်လည် ကြည့်ရှုလေ့လာရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်