ထိုင်းဘုရင့်လေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လေ့လာရေးလာရောက်လည်ပတ်

 

နေပြည်တော်   မေ   ၁၂


တပ်မတော်(လေ)နှင့် ထိုင်းဘုရင့် လေတပ်တို့အကြား  (၇) ကြိမ်မြောက် Air Working Group အစည်းအဝေးသဘောတူညီချက်အရ အဆင့်မြင့် အရာရှိကြီးများ အပြန်အလှန် လေ့လာရေးအစီအစဉ်အဖြစ်  ထိုင်းဘုရင့်လေတပ်မှ Air Marshal Chainat Phonkit ဦးဆောင်သော   ကိုယ်စား လှယ်အဖွဲ့ဝင် ငါးဦးသည်  မေ ၈ ရက် နံနက်ပိုင်းတွင်  ရန်ကုန်မြို့သို့   ရောက်ရှိလာခဲ့ကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများက  ကြိုဆို နှုတ်ဆက်ကြသည်။ 

 


အဆိုပါ Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် မေ ၉ ရက် နံနက် ပိုင်းတွင်       တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်  (လေ) နှင့် တွေ့ဆုံဆွေးနွေးကြပြီး    အထိမ်း အမှတ်လက်ဆောင်များ   အပြန် အလှန်   လဲလှယ်ကြကာ    စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ    ရိုက်ကြ သည်။   ထို့နောက်  ထိုင်းဘုရင့် လေတပ်မှ အဆင့်မြင့် အရာရှိကြီး များ   ကိုယ်စားလှယ်အဖွဲ့သည်       နေပြည်တော်ရှိ   ကျောက်မျက် ရတနာပြတိုက်သို့   သွားရောက်   လေ့လာခဲ့ကြပြီး    ဂုဏ်ပြုညစာစားပွဲသို့           တက် ရောက်ကြသည်။ 

 


ဆက်လက်၍ Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ        ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်        ဖူးမြော်ပြီး ဆင်ဖြူတော်အား        ကြည့်ရှု လေ့လာကြသည်။ ထို့နောက် Air Marshal   Chainat   Phonkit ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့   သွားရောက် ဖူးမြော်    ကြည်ညိုခဲ့ကြသည်။   ယင်းနောက်            မွန်းလွဲပိုင်းတွင် တပ်မတော်         လေယာဉ်ဖြင့် လေကြောင်းအတတ်သင်လေတပ် စခန်း  ဌာနချုပ်နှင့်  လေကြောင်း စစ်ဆင်ရေး    သင်တန်းကျောင်း သို့       သွားရောက်လေ့လာကြရာ တာဝန်ရှိသူတစ်ဦးက တပ်သမိုင်း၊ လေကြောင်းစစ်ဆင်ရေးသင်တန်း ကျောင်းနှင့်  လေယာဉ်မောင်းသင် ကျောင်းဆိုင်ရာ       အကြောင်း အရာများအား            ရှင်းလင်းပြသသည်။ 

 


ဆက်လက်၍    အဆိုပါအဖွဲ့ သည်   လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်ရှိ  ပြခန်း အား   ကြည့်ရှုကြပြီး  လေယာဉ် မောင်းသင်ကျောင်းသို့      သွား ရောက်လေ့လာကြရာ တာဝန်ရှိသူ တစ်ဦးက လေယာဉ် လေးမျိုးအား ရှင်းလင်းပြသကာ     လေယာဉ် မောင်း     သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင်     ဓာတ်ပုံ   ရိုက်ကြသည်။ ထို့နောက် မေ ၁၁ ရက် နံနက်ပိုင်းတွင်  ညောင်ပွားပင် ဘုရားအား   သွားရောက်ဖူးမြော် ကြပြီး  လေကြောင်းအတတ်သင် လေတပ်စခန်း          ဌာနချုပ်မှူးက တည်ခင်းဧည့်ခံသည့်    ဂုဏ်ပြု ညစာစားပွဲသို့   တက်ရောက်ကြ သည်။

 


မေ ၁၁ ရက်တွင် Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ရွှေတိဂုံ စေတီတော်၊ ဗိုလ်တထောင်ဘုရား သို့သွားရောက်  ဖူးမြော်ကြည်ညို ပြီး  ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လှည့်လည်ကြည့်ရှုကာ ညပိုင်း၌ ထိုင်းလေတပ်    စစ်သံမှူးရုံးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ သို့ တက်ရောက်ခဲ့ကြသည်။ 

 


Air   Marshal   Chainat Phonkit ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင်  ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည်     ထွက်ခွာသွားကြရာ   တပ်မတော်(လေ)မှ   တာဝန်ရှိသူ များက   ပို့ဆောင်နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်