
ဘန်ကောက် စက်တင်ဘာ ၁
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကို ထောင်ဒဏ်ရှစ်နှစ်မှ ထောင်ဒဏ်တစ်နှစ်သို့ ထိုင်းဘုရင်က ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်ဟု စက်တင်ဘာ ၁ ရက်တွင် ကြေညာခဲ့သည်။ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်မှာ ၎င်း၏ပြည်ပသို့ ၁၅ နှစ်ကြာ ထွက်ပြေးနေမှုကို အဆုံးသတ်ခဲ့ပြီး ပြီးခဲ့သည့် ၁၀ ရက်ခန့်က ထိုင်း နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
သို့သော်လည်း ပြန်ရောက်လာပြီး မကြာမီတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ရှစ်နှစ်ချမှတ် ခံရမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းထံ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အတွက် သက်ဆင်က အသနားခံခဲ့ပြီးနောက် ယခု လို လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်ဟု တော်ဝင် ဂေဇက်က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က တိုင်းပြည်နှင့်ပြည်သူအတွက် အကျိုးပြုခဲ့ကြောင်း၊ ၎င်းသည် ၎င်း၏ပြစ်မှုကို လက်ခံခဲ့ပြီး နောင်တရကြောင်း ပြသခဲ့သည်ဟု တော်ဝင်အမိန့်တော်တွင် ဖော်ပြထားသည်။ ၎င်းမှာ ယခုအခါ နေမကောင်းဖြစ်နေပြီး ဆေးကုသမှုခံယူရန် လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံသို့ သက်ဆင်ပြန်ရောက်လာလျှင်လာချင်းမှာပင် ၎င်းကို ဘန်ကောက်အကျဉ်းထောင် သို့ လွှဲပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ သည်။ သက်ဆင်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ရသည်။
ဆင်ဟွာ