
ဘန်ကောက် ဒီဇင်ဘာ ၁၇
ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန်းနှင့် မိဖုရား ဆုသီတာတို့သည် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း ထိုင်း တော်ဝင်အိမ်တော်ဗျူရိုက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။
ဘုရင်နှင့် မိဖုရားတို့သည် ရောဂါကူးစက်ခံရပြီး နောက် အပျော့စားရောဂါလက္ခဏာများကို ခံစားနေရ သော်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိ ကြောင်း၊ ထိုင်းတော်ဝင်အိမ်တော်ဗျူရို၏ ထုတ်ပြန် ချက်အရ တော်ဝင်လုပ်ငန်းတာဝန်များ လုပ်ဆောင် ခြင်းမှ အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကြဉ် ရန် ဆရာဝန်များက အကြံပြုထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်ကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက် ရောက်ကုသမှုခံယူနေရသူ အသစ် ၃၉၆၁ ဦးရှိသည့် အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစပြီး ရောဂါကူးစက်ခံရသူပေါင်း ၄ ဒသမ ၇ သန်းကျော် အထိ ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သော အပတ်စဉ် အစီရင်ခံစာအရ သိရသည်။
ထိုင်းနိုင်ငံ၌ အဆိုပါရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၀၇ ဦး ရှိသည့် အတွက် သေဆုံးသူပေါင်း ၃၃၃၉၂ ဦးအထိ ရှိလာပြီ ဖြစ်သည်။ ဆင်ဟွာ