ထိုင်းဘုရင့် အကြီးဆုံးသမီးတော် ရုတ်တရက်သတိလစ်၍ ဆေးရုံတက်ရောက်ကုသရ

 

ဘန်ကောက်   ဒီဇင်ဘာ   ၁၆
ထိုင်းဘုရင်၏ အကြီးဆုံးသမီးတော်သည် နှလုံးဆိုင်ရာရောဂါကြောင့် ရုတ်တရက်သတိလစ်၍ ဆေးရုံ တက်ရောက်ခဲ့ရကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့သည်။
မင်းသမီး နရင်ဒီယာဒေဗျာဗာတီသည် ဒီဇင်ဘာ ၁၄  ရက်က  နိုင်ငံ၏အရှေ့မြောက်ပိုင်းပြည်နယ် ၌ ခွေးတစ်ကောင်ကို   လေ့ကျင့်ပေးစဉ်  ရုတ်တရက် သတိလစ်သွားခြင်းဖြစ်သည်။   ၎င်းမှာ  ဒေသတွင်း   ဆေးရုံတစ်ခု၌ ကုသမှုခံယူပြီးနောက် အခြေအနေမှာ တည်ငြိမ်လျက်ရှိသည်။ ထို့နောက် ၎င်းအား  ဘန်ကောက်မြို့ရှိ   ချူလာလောင်ကွန်းဆေးရုံသို့  လွှဲပြောင်းပေးခဲ့ပြီး  နောက်ထပ်ကုသမှုခံယူနေကြောင်း  သိရသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် အစိုးရအကြီးတန်းအာဏာပိုင်များက ဒီဇင်ဘာ ၁၆ ရက်တွင် ဆေးရုံသို့ သွားရောက်ကြည့်ရှုကြောင်း သိရသည်။ 
အသက် ၄၄ နှစ်အရွယ် မင်းသမီးသည် ဘုရင် မဟာဗာဂျီယာလောင်ကွန်း၏ သားသမီးသုံးဦးအနက် တစ်ဦးဖြစ်ပြီး  ယခင်က ဩစတြီးယားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း၊ အစိုးရရှေ့နေအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ 
၎င်းသည် တရားစီရင်ရေးစနစ်တွင်  အမျိုးသမီးများ၏  အခွင့်အရေးအတွက်  ထောက်ခံခဲ့သူဖြစ်ကြောင်း လည်း သိရသည်။                                                                                    အင်န်အိတ်ကေ