ထိုင်းအတိုက်အခံပါတီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

 

ဗန်ကောက် ဒီဇင်ဘာ ၈ 


ထိုင်းနိုင်ငံ၌  လာမည့်နှစ်တွင်  အထွေထွေ   ရွေးကောက်ပွဲ ကျင်းပရန်    စီစဉ်ထားသည့် အတွက်    အင်အားအကြီးဆုံး အတိုက်အခံ    ပါတီဖြစ်သည့်   ဖျူထိုင်းပါတီသည်  ပါတီအထွေ ထွေညီလာခံတွင်   ၎င်း၏ ကတိ ကဝတ်များကို   ထုတ်ဖော်ပြော ကြားခဲ့သည်။   ဖျူထိုင်းပါတီ သည်      ဝန်ကြီးချုပ်ဟောင်း    သက်ဆင်ရှင်နာဝပ်      တရာနှင့် ဆက်သွယ်မှုရှိသည်။ 
ပါတီထောက်ခံ  အင်အားစု များကို     ပြောကြားရာတွင် သက်ဆင်၏  အငယ်ဆုံးသမီး ပီတွန်တန်    ရှင်နာဝပ်တရာက   ၂၀၂၇   ခုနှစ်မတိုင်မီ   အနည်းဆုံး လုပ်အားခကို   နှစ်ဆမြှင့်ပေး ခြင်းနှင့်      စွမ်းအင်ဈေးနှုန်းများ လျှော့ချခြင်းအပါအဝင် လူတိုင်း ၏   လူမှုဘဝ    ပိုမိုတိုးတက်    ကောင်းမွန်လာစေမည်   ဖြစ် ကြောင်း  ကတိပြုပြောကြားခဲ့ သည်။ 

 


ထို့အပြင် မိမိတို့သည် နိုင်ငံ တော်ကြီး ကောင်းမွန်လာသည်ကို ပြန်လည်   မြင်တွေ့ရတော့မည် ဖြစ်ကြောင်းနှင့်       မိမိတို့၏  ဂုဏ်ကျက်သရေနှင့်    သိက္ခာ တရားတို့ကို       ပြန်လည်ရရှိ တော့မည်ဖြစ်ကြောင်း   ၎င်းက  ပြောသည်။ 
အသက် ၃၆ နှစ်ရှိ ပီတွန်တန် ရှင်နာဝပ်တရာကို  အထွေထွေ ရွေးကောက်ပွဲအတွက်  ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် တရား ဝင်အမည်စာရင်း   တင်သွင်းခြင်း မရှိသေးပေ။    သို့သော်လည်း  နောက်ဆုံးစစ်တမ်းများက   ၎င်း သည်  ပြည်သူလူထုသဘောကျ နှစ်ခြိုက်သော  ရွေးကောက်ပွဲ ပြိုင်ပွဲဝင်      တစ်ဦးဖြစ်ကြောင်း သိရသည်။ 
ဖျူထိုင်းပါတီ၏   လူကြိုက် များသောမူဝါဒများကို လက်ရှိ ပါတီများနှင့် ပုဂ္ဂလိကကဏ္ဍများ က အများအပြား  ဝေဖန်ထား သည်။           


အင်န်အိတ်ချ်ကေ