ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း

နေပြည်တော် မတ် ၁၀ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က ဦးဆောင်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတွင် ဘတ်/ ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေး ဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။ တက်ရောက် အစည်းအဝေးသို့ ကုန်သွယ် မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာရင်းဌာန၊ မြန်မာ့ စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန် များဦးစီးဌာနတို့မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ Designated Bank အဖြစ် ဆောင် ရွက်ခွင့်ပြုထားသည့် ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုး ရေးဘဏ်နှင့် Kasikornbank Public Company တို့မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။ ပူးပေါင်းဆောင်ရွက် အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီ နှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှု စနစ် အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ အကြား ပေါင်းစပ်ညှိနှိုင်းရေးကိစ္စ၊ စမ်းသပ်ကာလ (Pilot Period) အဖြစ် မတ် ၂၁ ရက်မှစတင်၍ သုံးလ စမ်းသပ်ဆောင်ရွက်ရန် ကိစ္စ၊ မြေပြင်တွင် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် အထောက် အကူပြုအဖွဲ့ ဖွဲ့စည်းရေးကိစ္စ၊ ကုန်သည် လုပ်ငန်းရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေ ရေးဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား ရှင်းလင်းခြင်း အစီအစဉ် (Public Awareness) ကို မတ်လတတိယပတ်အတွင်း ဆောင်ရွက်ရန်ကိစ္စ၊ ဘတ်/ကျပ် ဈေးကွက်ငွေ လဲလှယ်နှုန်းကို အသုံးပြု ဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့လဲလှယ်၍ ငွေသား ပြန်လည်ထုတ်ယူရာတွင် အဆင် ပြေချောမွေ့စေရေးကိစ္စ၊ ကုန်သွယ် မှုဆိုင်ရာ သတင်းအချက်အလက် များအား သတင်းပေးပို့တင်ပြ ပေးရန် ကိစ္စရပ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်