ထိုင်း - မြန်မာ ကုန်သွယ်မှုအတွက် အရေးပါသော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမြေပြိုကျမှုကြောင့် ပျက်စီးသွားသောလမ်းပိုင်းအား  ယာယီဘေလီတံတား တစ်လအတွင်းတည်ဆောက်သွားမည်

 

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်  သြဂုတ်  ၇ ရက်က မြဝတီ – ကော့ကရိတ်   အာရှကားလမ်းမကြီး၊  တောနော် ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉)နှင့် (၁၅၀)   အကြား  နေရာတွင်  ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ  ကတ္တရာခင်းကားလမ်း  အရှည်ပေ  ၁၅၀ ခန့် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှုယာယီရပ်ဆိုင်း ထားရပြီး   အဆိုပါလမ်းပိုင်း အ​မြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့်အခြေအနေ များကို ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးအောင်ညိုအား   ဩဂုတ်  ၉ ရက်​တွင်   တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

 

မေး    ။    သြဂုတ် ၇ ရက်က မိုးအဆက်မပြတ် ရွာသွန်း 
        မှုကြောင့်   မြဝတီ - ကော့ကရိတ်  အာရှ လမ်းပိုင်း မြေပြိုမှုဖြစ်သွားတဲ့အတွက်  မော်တော် ယာဉ်​တွေ သွားလာမှုရပ်ဆိုင်းသွားတယ်လို့ သိရပါ တယ်။  ဒါနဲ့ပတ်သက်ပြီး  ဘယ်လိုဆောင်ရွက်ထား တယ်ဆိုတာသိလိုပါတယ်။
ဖြေ    ။    အာရှလမ်းမကြီး     မြေပြိုမှုနဲ့ပတ်သက်ပြီး 
        သြဂုတ်   ၉  ရက်က      ကရင်ပြည်နယ် လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက လိုအပ်တဲ့ပြင်ဆင် မှုတွေပြုလုပ်နိုင်ဖို့ ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ပြီးတော့     အာရှလမ်းမြေသားပြိုကျတဲ့နေရာမှာ ယာယီဘေလီတံတားထိုးဖို့ ညွှန်ကြားထားပါတယ်။ ဘေလီတံတားထိုးတဲ့အခါမှာ  လမ်းပန်းပြတ်တောက် မှုမဖြစ်ပေါ်စေရေးအတွက်  လမ်းပြတ်ကျတဲ့နေရာရဲ့ တစ်ဖက်တစ်ချက်စီမှာ ပေ ၃၀၀ ချဉ်းကပ်လမ်းသစ် ကို  တောင်ဖြတ်ဖောက်လုပ်ဆောင်ရွက်ရမှာဖြစ်ပါ တယ်။   ရှောင်ကွင်းလမ်းအနေနဲ့   ချဉ်းကပ်လမ်း (၃၀၀+၃၀၀) ​ပေ ၆၀၀ နဲ့ လမ်းပြတ်ကျပျက်စီး နေရာ ​ပေ ၂၀၀  စုစုပေါင်း အရှည် ​ပေ ၈၀၀ ခန့် ဖောက်လုပ် ရမှာ ဖြစ်ပါတယ်။ နောက်ပြီး   မြေသားသိပ်သည်း ကျစ်လျစ်အမာခံရရှိအောင်ဆောင်ရွက်ပြီး လမ်းပြတ် ကျပျက်စီး ​ ပေ ၂၀၀  ခန့်ရဲ့    လမ်းအတွင်းဘက်ခြမ်း တောင်ခြေနဲ့တည့်တည့် ကပ်လျက်နေရာမှာ ဝန်ပါ ကားများပါ ဖြတ်သန်းနိုင်ရေးအတွက် လမ်းမြေသား ပေါ်၌ ဘေလီတံတား  အရှည် ​ပေ ၂၀၀ ခန့် ထိုးပေးရ မှာပါ။ 

 

မေး    ။    ဘေလီတံတား   ထိုးမယ်ဆိုရင်ရော   အချိန် 
        ဘယ်လောက်ယူရမလဲ။
ဖြေ    ။    အချိန်ဘယ်လောက်   ယူရမလဲဆိုရင်တော့ 
        လုပ်အားလုပ်နိုင်တဲ့အပေါ်နဲ့ ရာသီဥတုအပေါ် မှာမူတည်ပါတယ်။ အဓိက ရာသီဥတုလည်း သာယာ မယ်၊ လုပ်အားလည်းအချိန်ပြည့်လုပ်နိုင်မယ်ဆိုရင် အလွန်ဆုံးတစ်လပဲ။    တစ်လတည်းနဲ့     အပြီး ဆောင်ရွက်လို့ရပါတယ်။

 

မေး။    အခု ဘေလီတံတားထိုးဖို့ ဘယ်ရက်လောက် 
        စပြီးလုပ်ဖြစ်မလဲ။
ဖြေ    ။    သြဂုတ်   ၁၀    ရက်ကစပြီး          တံတား 
        တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ စပြီး ပို့ဆောင်ဖို့ ဆောင်ရွက်နေပါပြီ။ ပို့ဆောင်ပြီးတာ နဲ့ လိုအပ်တဲ့ ယာဉ်/ယန္တရားတွေနဲ့  လုပ်ငန်းစတင် ဆောင်ရွက်မှာပါ။

 

မေး    ။     အခုလောလောဆယ် ယာဉ်သွားလာမှုတွေကို 
        ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါလဲ။
ဖြေ    ။    ကုန်တင်ယာဉ်ကြီးတွေ    သွားလို့မရသေး ပါဘူး။   လူစီးယာဉ်တွေနဲ့  တချို့ပစ္စည်းသယ်ယာဉ် ငယ်လေးတွေကို        ယခင်ကအသုံးပြုခဲ့တဲ့ မြဝတီ-ကော့ကရိတ်   လမ်းဟောင်းဖြစ်တဲ့   ထို့ကော်ကိုး လမ်းပိုင်းကနေ နေ့စဉ်သွားလို့ရအောင်  စီစဉ်ဆောင် ရွက်ပေးထားပါတယ်။

 

မေး    ။    အာရှလမ်းမကြီးနဲ့ပတ်သက်ပြီး ပင်မလမ်းမ 
        ကြီးကို  ဘယ်လိုဆက်ပြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်သွားမလဲ သိပါရစေ။
ဖြေ    ။    ပင်မလမ်းမကြီးပျက်စီးမှုကိုတော့ ပွင့်လင်း 
        ရာသီအချိန်မှာ တံတားဦးစီးဌာနမှ ဖြစ်ပေါ် လာနိုင်တဲ့ ရေအားပမာဏကို တွက်ချက်ပြီး ရေထွက် ပြွန်(Culvert)  သို့မဟုတ်  တံတား (Bridge) တည် ဆောက်သွားမှာဖြစ်ပါတယ်။


မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း - မြန်မာ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်း ထဲတွင်   ပါဝင်နေပြီး   ကုန်တင်ယာဉ်များ    နေ့စဉ် ဖြတ်သန်းသွားလာနေသည့်   လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည် တင်ယာဉ်များ ၊ အိမ်စီးယာဉ်များ  နေ့စဉ် ဖြတ်သန်း သွားလာနေသည့်     လမ်းကြောင်းတစ်ခု‌ဖြစ်သည်။  ထိုင်းနိုင်ငံမှ   စားသောက်ကုန်၊   ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊  ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းများ   တင်သွင်းနေသော  လမ်းပိုင်းဖြစ် ကြောင်း သိရှိရသည်။


တွေ့ဆုံမေးမြန်း-ပြည်နယ်(ပြန်/ဆက်)