ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာအနီး၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် စုဝေးရောက်ရှိနေသည့်  PDF အမည်ခံ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်

 

 

နေပြည်တော်   မေ   ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့် ဒေသခံပြည်သူလူထုများအား လက်နက်ကိုင်အကြမ်းဖက်ခြင်း များဖြင့် ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် အကြောက်တရား ဖြင့် ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများနှင့်  ၎င်းတို့အပေါ် ထောက်ခံမှုမရှိသူများအား     ဒလန်ဟု      စွပ်စွဲသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ဒေသခံပြည်သူလူထုတို့ဘေးကင်းလုံခြုံစွာဖြင့် နေထိုင် နိုင်ရေး၊    တရားဥပဒေစိုးမိုးရေးတို့အတွက်   လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်  နယ်မြေလုံခြုံရေးတာဝန်များကို   တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုဖြင့် ပူးပေါင်း၍  နေ့ညမပြတ်  ဆောင်ရွက် လျက်ရှိသည်။     ထိုသို့     ဆောင်ရွက်လျက်ရှိစဉ်    ထီးချိုင့်မြို့နယ် အတွင်းနယ်မြေစိုးမိုးရေးနှင့်    လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  မေ  ၉  ရက်  ညနေ  ၆   နာရီခန့်တွင်
မရသိမ်ကျေးရွာအနီးသို့ အရောက်  ရွာအတွင်း       စာသင်ကျောင်း နှင့်    လူနေအိမ်များအား   အကာ အကွယ်ရယူ၍    PDF  အမည်ခံ အကြမ်းဖက်သမားများက   စတင် ပစ်ခတ်ခဲ့သဖြင့်      အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး    အကြမ်း ဖက်သမားများသည်         တောင် ဘက်သို့  ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။
ဖြစ်စဉ်တွင်   PDF   အမည်ခံ အကြမ်းဖက်       သမားများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ ၁၀  လက်၊     လက်ပစ်ဗုံးမျိုးစုံ ၂၆ လုံးနှင့်   ဖောက်ခွဲဖျက်ဆီးရာ တွင်   အသုံးပြုသည့်  ဆက်စပ် ပစ္စည်းမျိုးစုံကို  သိမ်းဆည်းရမိခဲ့ သည်။
အဆိုပါ    PDF    အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် လည်း မရသိမ်ကျေးရွာရှိ အခြေခံ ပညာမူလတန်း  ကျောင်းအတွင်း စခန်းချအခြေပြု  အကာအကွယ် ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန်      ပြင်ဆင်နေ ကြောင်း  ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့ က ကျေးရွာအနီးဆုံးရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့     လျှို့ဝှက် ဆက်သွယ်      အကြောင်းကြား သတင်းပို့လာသဖြင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များက    သွားရောက် တိုက်ခိုက်ချေမှုန်းခဲ့ရသည်။
အဆိုပါ   ဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ် များ ကာရံခြင်း၊  မိုင်းများ ထောင် ထားခြင်း၊  သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊  အကြမ်းဖက် လေ့ကျင့်ရေးကွင်းများ    ဖောက် လုပ်ခြင်းများပြုလုပ်ကာ စာသင် ကျောင်းအား   အခိုင်အမာစခန်း တည်ဆောက်၍ အဖျက်အမှောင့် လုပ်ရပ်များ     လုပ်ဆောင်ရန် ကြိုတင်ကြံစည်နေမှုကို  တားဆီး နိုင်ခဲ့သည်။
အကြမ်းဖက်သမားများ အနေ ဖြင့်      ကျေးရွာအချို့အတွင်း ဝင်ရောက်၍    အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိ ခြင်းကြောင့်  ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ က နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်      ဆောင်ရွက်လျက်ရှိ ကြောင်းနှင့်  အကြမ်းဖက်အဖွဲ့ များ၏      ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာ သို့  လျှို့ဝှက်စွာ  သတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက်   ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်