ထီးချိုင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး သေဆုံး၊ လေးဦးဒဏ်ရာရဟု ကောလာဟလ သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    ဇန်နဝါရီ   ၅ 
စစ်ကိုင်းတိုင်းဒေသကြီး    ထီးချိုင့် မြို့နယ်ရှိ ဒိုးပင်၊  ကြူးတောင်ခြေ နှင့်         ဝဲကြီးကျေးရွာတို့ကို ဇန်နဝါရီ ၃ ရက်က  လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ သည်ဟု    အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ RFA မှ သတင်း အမှား    ရေးသားဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရသည်။
မြေပြင်သိရှိရသော      သတင်း များအရ          အဆိုပါနေ့တွင် တပ်မတော်မှ     ထီးချိုင့်မြို့နယ် တွင်းသို့     လေကြောင်းပျံသန်းမှု မရှိခဲ့ကြောင်း သိရှိရပြီး  အကြမ်း ဖက်သမားများဘက်မှ    မိမိလုံခြုံ ရေး တပ်ဖွဲ့တည်ရှိရာနေရာများသို့ Drone များအသုံးပြု လာရောက် တိုက်ခိုက်ခြင်းကြောင့်    ဒေသခံ ကျေးရွာများအတွင်း    ကျရောက် ပေါက်ကွဲမှုများ          ဖြစ်ပွားခဲ့ပြီး ဒေသခံ          အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရခြင်းများ  ဖြစ်ခဲ့ ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး    ပြည် ဖျက်မီဒီယာများသည်      ပျံ့နှံ့မှု အားကောင်းသည့်     သတင်းတု များကို စိတ်ကြိုက်ရေးသားဖြန့်ဝေ ကာ     ပြည်သူလူထုကို    သတင်း အဆိပ်ခတ်    ဝါဒဖြန့်လုပ်ဆောင် နေကြောင်း သတင်းရရှိသည်။
သတင်းစဉ်