
နေပြည်တော် မတ် ၁၄
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်၊ နမ့်ဆန် မြို့နယ်၊ သီပေါမြို့နယ်နှင့် သိန်းနီမြို့နယ်များ အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ များ၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ အေးသာယာမြို့၊ ဟိုပုံးမြို့နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နယ်၊ ညောင်ရွှေမြို့ နယ်၊ ဆိုက်ခေါင်မြို့၊ ကွန်ဟိန်းမြို့၊ မိုးနဲမြို့၊ မောက်မယ်မြို့၊ လွိုင်လင်မြို့၊ ပင်လုံမြို့နှင့် ကယား ပြည်နယ် ဘောလခဲမြို့၊ မိုးဗြဲမြို့များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အား သတ်မှတ်နေရာများ၌လည်းကောင်း၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဆတ် မြို့နယ်၊ မိုင်းခုတ်မြို့များရှိ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာများ၌လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သာသနာ့ နွယ်ဝင်သီလရှင် များအား သတ်မှတ်နေရာများ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မှီခိုသူမိသားစုဝင်များအား အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာများ၌လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ နတ်တလင်းမြို့နှင့် မိုးညိုများအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ်နေရာများ၌လည်း ကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေ သည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များ အား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်