ထောင်ဝန်ထမ်းများက အခန်းလူကြီးနှင့်ပေါင်းကာ ငွေတောင်းယူနေကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေ

 

နေပြည်တော်   မတ်   ၂၁
မန္တလေးဗဟိုအကျဉ်းထောင်တွင် စက်မှုလက်မှု အလုပ်ရုံရှိ   ထောင်ဝန်ထမ်းများက    အခန်း လူကြီးနှင့်ပေါင်းကာ     နိုင်ငံရေးအကျဉ်းသား လူငယ်များကို အလုပ်ရုံမှ ဆိုက်ထဲသို့ ပြောင်းရွှေ့ မည်ဟု အကြောင်းပြ၍ ငွေတောင်းယူနေကြောင်း၊ အလုပ်ရုံသို့ရောက်ရှိလာသည့် လူငယ်များအား အလုပ်မလုပ်ချင်ပါက  အလုပ်ကာရန်ဟုဆိုကာ ငွေတောင်းခံနေကြောင်း၊    အဆောင်မှူး ဦးစီး အရာရှိက ပြစ်ဒဏ်ကျ  အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍   ငွေကြေးတောင်းယူနေ ကြောင်း Khit Thit Media အမည် Facebook Page  က  မတ် ၁၈ ရက်တွင်  မဟုတ်မမှန်  လုပ်ကြံ ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အားစိစစ်ရာ   မန္တလေးဗဟိုအကျဉ်း ထောင်တွင်    လူငယ်အကျဉ်းသားများအား အကျဉ်းထောင်   နည်းဥပဒေနှင့်အညီ   အခြား ပြစ်ဒဏ်ကျလူကြီးအကျဉ်းသားများနှင့် ရောနှော မထားဘဲ အလုပ်ရုံရှိအဆောင်တွင်သာ သီးခြား ခွဲခြားထားရှိကြောင်း၊ အဆိုပါ လူငယ် အကျဉ်း သားများအား  အခြားအကျဉ်းသားများထားရှိ သည့် အိပ်ဆောင်များသို့ မည်သည့်အကြောင်းပြ ချက်နှင့်မျှ ပြောင်းရွှေ့ခြင်းမရှိဘဲ လူငယ်ဆောင် ၌သာထားရှိကြောင်း   မန္တလေးဗဟိုအကျဉ်း ထောင်   တာဝန်ရှိသူ၏   ပြောကြားချက်အရ သိရသည်။    
ထို့ပြင်  အကျဉ်းထောင်တွင်  အကျဉ်းသား များအား    အတင်းအဓမ္မ   အလုပ်ခိုင်းစေခြင်း မရှိသကဲ့သို့  ပင်ပန်းကြမ်းတမ်းသည့်  အလုပ် လည်းမရှိကြောင်း၊  အကျဉ်းထောင်ဥပဒေအရ အကျဉ်းသားများ   မဖြစ်မနေလုပ်ရသည့်   မိမိ အိပ်ဆောင်အခန်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သောက်ရေဘူးများ  ရေဖြည့်ခြင်းလုပ်ငန်းများ တွင်သာ  ခွဲဝေတာဝန်ပေးထားခြင်းရှိကြောင်း သိရသည်။
မည်သည့်    အကျဉ်းထောင်ဝန်ထမ်းမဆို အကျဉ်းသား/အချုပ်သားများနှင့်  ငွေကြေး ပတ်သက်ဆက်နွှယ်ခြင်း/ တောင်းခံခြင်းများ မပြုလုပ်ရန်      အကျဉ်းသား/ အချုပ်သား အိပ်ဆောင်များသို့     လှည့်လည်စစ်ဆေးစဉ် တစ်ဦးချင်းတွေ့ဆုံ၍ တာဝန်ခံအရာရှိထံ တင်ပြ  စေခြင်းများ        ဆောင်ရွက်ပေးလျက်ရှိကာ လူကိုယ်တိုင်မတင်ပြရဲပါက  အိပ်ဆောင်တိုင်း တွင်    အကြံပြုစာတိုက်ပုံးများ  ထားရှိသဖြင့် ယင်းစာတိုက်ပုံးအတွင်းသို့  အကြံပြုချက်များ၊ တိုင်ကြားချက်များ  ထည့်သွင်းပေးပို့စေလျက် ရှိပြီး စာတိုက်ပုံးအတွင်းသို့ပေးပို့သည့် အကြံပြု ချက်/ တိုင်တန်းချက်များကို  တာဝန်ခံအရာရှိ ဦးစီးသည့်အဖွဲ့ဖြင့်  စိစစ်ဖော်ထုတ်ဖြေရှင်းပေး လျက်ရှိသည့်အတွက်   Khit Thit Media  ၏ ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေလို သော  သတင်းဖော်ပြမှုများသာဖြစ်ပြီး ပြည်သူ အများ အထင်အမြင်လွဲမှားစေရန်နှင့် ထင်ယောင် ထင်မှားဖြစ်စေရန်  အဖျက်အမှောင့် ရည်ရွယ် ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်း ဖြစ်သည်။                  ကြည်မိုး