
စစ်တွေ ဇွန် ၂၇
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေ မြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းနှင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းတို့၌ ဆိုက်ကပ်ထားသော မာကျူရီဖို့စ်သင်္ဘော၊ MV ROYAL VENUS သင်္ဘောနှင့် ပြည်တော်အေး-၂ သင်္ဘောများ ပေါ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ထောက်ပံ့ရေးပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ မုန်တိုင်းဒဏ် သင့်ဒေသများသို့ စနစ်တကျဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုး အဘွား ၃၇ ဦးအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းကာ ရိပ်သာအတွင်း လှည့်လည်ကြည့်ရှုသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက် လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများ၊ သိုလှောင်ရုံများ၊ ဝန်ထမ်းအိမ်ရာများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ်ပေးထားသော အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသစ်သားကြမ်းခင်းတံတား ပြန်လည် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတား ရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ တည် ဆောက်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရဧည့်ဂေဟာ၌ လယ်ယာအထောက် အကူပြု ယွန်းလျှံကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်မျိုးဦးနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသတွင်းတောင်သူများအတွက် ထွက်နှုန်းမြင့် GW-11 မျိုးစပါး စိုက်ပျိုးနိုင်ရေး၊ ဒေသ တွင်း မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစား အစာ Ever Green မြက် စိုက်ပျိုးနိုင်ရေး၊ အချိန်တို အတွင်း ရှင်သန်ဖြစ်ထွန်းနိုင်သည့် သစ်ပင်များစိုက်ပျိုး ရေးနှင့် စိုက်ပျိုးမွေးမြူရေးနှင့်စပ်လျဉ်းသည့် အသိ ပညာပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိ ပြီး သင်တန်းသား သင်တန်းသူများ စာတွေ့လက်တွေ့ သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး သင်တန်းသား သင်တန်းသူများအတွက် စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စစ်တွေကမ်းနားပတ်လမ်း(ရှုခင်းသာလမ်း)၊ စာတိုက်လမ်းဆုံမှ စစ်တွေဟိုတယ်အထိ အရှည်ပေ ၁၂၉၀၀ လမ်းပိုင်း ပြင်ဆင်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တင်ပြသည့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနား ကို ယနေ့တွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် စိုက်ပျိုးရေးဦးစီးမှူးများထံ ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ခရမ်းသီး၊ ခရမ်း ကြွပ်သီး၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေနှင့် ပဲစောင်းလျား စသည့်မျိုးစေ့ထုပ် ၅၈၅၀၀ ကို ဖြန့်ခွဲပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်