Thailand PGA Tour ၏ SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူး

 

ရန်ကုန်    ဇူလိုင်   ၁


ဇွန်၂၈ ရက်မှ  ဇူလိုင် ၁ ရက်အထိ ထိုင်းနိုင်ငံ  Khao Yai Country Club ၌ ကျင်းပသည့် Thailand PGA Tour ၏   ပြိုင်ပွဲတစ်ခုဖြစ်သော SINGHA-SAT Nakhon Ratchasima   Classic  2023 ဂေါက်သီးရိုက်       ပြိုင်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  မြန်မာပရော်ဖက်ရှင်နယ်  ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူးရရှိ ခဲ့သည်။


ရဲထက်အောင်သည်   ယင်းပြိုင်ပွဲတွင် ၆၄+၆၆+၆၇+၆၄ ချက်၊ လေးရက်ပေါင်း  ၂၆၁  ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၂၃ ချက် လျှော့ရိုက်ကာ   ချန်ပီယံဆုရရှိခဲ့ခြင်း  ဖြစ်သည်။  ပြိုင်ပွဲအပြီးတွင် ရဲထက်အောင် (မြန်မာ) က ပထမ၊ Sangchai KAEWCHAROEN  (ထိုင်း) က သတ်မှတ်ရိုက်ချက်ထက် ၂၁ ချက် လျှော့ရိုက်ပြီး ဒုတိယ၊  Suttinon PANYO (ထိုင်း)  နှင့်  Thanyakon KHRONGPHA (ထိုင်း) တို့က သတ်မှတ်ရိုက်ချက်ထက် ၂၀ ချက်စီ လျှော့ရိုက်ကာ ပူးတွဲတတိယဆု ရရှိခဲ့သည်။


ရဲထက်အောင်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပရော်ဖက် ရှင်နယ် ဂေါက်သီးရိုက်ကစားသမားတစ်ဦးဖြစ်သည့် အောင်ဆန်းမျိုးမှာမူ  ၆၉+၇၁+၇၁+၆၇ ချက်၊ လေးရက်ပေါင်း ၂၇၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက် ထက် ခြောက်ချက်လျှော့ရိုက်ကာ အဆင့် ၄၅ နေရာ၌ ရပ်တည်နိုင်ခဲ့ သည်။ ယခုပြိုင်ပွဲတွင်   ကစားသမားစုစုပေါင်း ၁၃၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ရဲထက်အောင်သည် ချန်ပီယံဆုရခဲ့သဖြင့် ဆုဖလား နှင့်အတူ ဆုကြေးငွေအဖြစ် ထိုင်းဘတ် ၂၄၀၀၀၀ ဆွတ်ခူးရရှိခဲ့သည်။


ရဲထက်အောင်သည် ၂၀၁၆ ခုနှစ်မှစတင်ကာ Asian Tour ပြိုင်ပွဲ အပါအဝင် ပြည်ပနိုင်ငံများ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင်  စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ပြီး SINGHA-SAT Nakhon Ratchasima Classic 2023   ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု ပထမဆုံးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း All Thailand Golf Tour ပြိုင်ပွဲများတွင်    မြန်မာနိုင်ငံမှ   ရဲထက်အောင်၊    သီဟဌေး၊ အောင်ဆန်းမျိုး၊ ကျော်သက်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 ကိုညီလေး
ဓာတ်ပုံ- Thailand PGA Tour