
ထားဝယ် မတ် ၂၆
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်တက္ကသိုလ်၌ ယမန်နေ့နံနက်ပိုင်းက ဥပဒေ ဆိုင်ရာ အသိပညာပေးဟောပြော ပွဲ ကျင်းပသည်။
ရှေးဦးစွာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦး က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက မီဒီယာနှင့် လူမှု ကွန်ရက် စာမျက်နှာအသုံးပြုရာ တွင် လိုက်နာရမည့်ဥပဒေများကို လေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယ ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလှိုင်က ထားဝယ်ခရိုင်အတွင်း ဖြစ်ပေါ် နေသော အကြမ်းဖက်မှုခင်းများ အကြောင်း အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီး ဥပဒေဆိုင်ရာ အကြောင်းအရာ များကိုလည်းကောင်း အသိပညာ ပေး ဆွေးနွေးဟောပြောသည်။
ယင်းနောက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က အသိ ပညာပေး ဟောပြောသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် သည်။
ဟောပြောပွဲသို့ ထားဝယ် တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ကြောင်း သိရ သည်။
ရွှေပင်လယ်(ထားဝယ်)