
ထားဝယ် ဇန်နဝါရီ ၉
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ရှေးဟောင်း သုတေသီ အဖွဲ့တို့ ပူးပေါင်း၍ ထားဝယ် တိုင်းရင်းသား ဓလေ့ထုံးတမ်း စာအုပ်မိတ်ဆက်ပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ် ရှေးဟောင်း သုတေသီအဖွဲ့မှ နောန်အောင်မျိုးက “ဥဩ အော်သည်၊ ထားဝယ်တည်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ၊ ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ် တွင် ထားဝယ်မြို့ကို ဦးနဲလှ တည်ခဲ့ပြီး မြို့တည်စဉ်က မြို့အမည်ကို “သာယာဝတီမြို့” ဟု အမည် ပေးခဲ့ကြောင်း၊ ထားဝယ်လူမျိုး ပေါ်ပေါက်လာပုံ၊ ယနေ့ခေတ် ထားဝယ်တိုင်းရင်း သား လူငယ်များအနေဖြင့် တိုင်းရင်းသားလူငယ်များအကြား ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် မိမိလူမျိုးများ အကြောင်းကို ရဲရဲဝံ့ဝံ့ပြောနိုင် အောင် တိုင်းရင်းသားဓလေ့ ထုံးတမ်း စာအုပ်ကို မိတ်ဆက်ရ ခြင်းဖြစ်ကြောင်း ပြောကြားသည်။
စာအုပ် မိတ်ဆက်ပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကြင်ကြင်သန်း၊ ခရိုင် ဦးစီးမှူး ဒေါ်ခင်မာဖြူနှင့် ဝန်ထမ်းများ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ တက် ရောက်ကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)