
ထားဝယ် ဒီဇင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၂၈ ရက်က ထားဝယ်မြို့ ထားဝယ်ပညာရေး ဒီဂရီကောလိပ် တိက္ခပညာခန်းမ၌ကျင်းပရာ ကျောင်း အုပ်ကြီး ဒေါ်နီနီသန်းနှင့် ဆရာ ဆရာမ များ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြင် ကြင်သန်းနှင့် ဝန်ထမ်းများ၊ ကျောင်း သား ကျောင်းသူများ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးက လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အတွေးအခေါ်များ မှန်ကန်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ တော် က ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းသည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင် တင့်က ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက် ပြီး လူငယ်နှင့် ပညာရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ယဉ်ကျေး မှုကဏ္ဍ၊ အမျိုးသမီးကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကာ ထားဝယ် ပညာရေးဒီဂရိကောလိပ်မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် မူးယစ် ဆေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်များ ယုံကြည်မှုရရှိရန် ပြင်ဆင်ထားရမည့် အကြောင်း၊ လူငယ်နှင့် အားကစားအမြင် စသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့၍ ဆွေးနွေး ခဲ့ကြကာ ပါဝင်ဆွေးနွေးသော ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးဦးစီးမှူးက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)