
ထားဝယ် ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ယနေ့ နံနက်ပိုင်းက ရေကြီး ရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက် မြစံပယ်လမ်းတွင် အရှည် ပေ ၃၀၀ ခန့်နှင့် ရေအမြင့် တစ်ပေခန့် မြင့်တက် နေသဖြင့် ယာဉ်ငယ် နှင့် မော်တော် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ ရနေပြီး ရှမ္မလည်ဆွဲရပ်ကွက် ဆေးရုံ လမ်းတွင် အရှည် ပေ ၂၀၀ ခန့်နှင့် ရေအမြင့် တစ်ပေခွဲခန့် မြင့်တက် နေရာ ဆိုင်ကယ်နှင့် ယာဉ်ငယ်များ ဖြတ် သန်းသွားလာ၍မရရှိဘဲ ယာဉ်ကြီးများ သာ ဖြတ်သန်းသွားလာ၍ရကြောင်း သိရသည်။
အလားတူ ထားဝယ်မြို့၊ ထားဝယ်-မေတ္တာလမ်းပိုင်း တလိုင်းတောင် ကျေးရွာနှင့် ကသန်းကျေးရွာ (မိုင်တိုင် အမှတ် ၇/၃နှင့်၀/၄ကြား) အရှည် ပေ ၄၀၀ ခန့် အမြင့် သုံးပေခွဲခန့်၊ ရေမြင့်တက်နေမှုကြောင့် မော်တော်ယာဉ် နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သတင်းရရှိသည်။
ထားဝယ်(ခရိုင်ပြန်/ဆက်)