
နေပြည်တော် ဇန်နဝါရီ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဦးစီး ဌာနများမှ တိုင်းတာဝန်ခံများ၊ ဝန်ထမ်းများ၊ သမဝါယမအသင်းစု ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ကိုင်သော တောင်သူများ အတွက် လိုအပ်သည့် နည်းပညာ ဆိုင်ရာသင်တန်းများ ဖွင့်လှစ် ပေးနိုင်ရေး၊ သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး၊ လိုအပ် သည့် လယ်ယာသုံးစက်ကိရိယာ များ ထောက်ပံ့ပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးပြီး သင်တန်းအောင်မြင်ပြီး သူများ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လိုပါက သမဝါယမအသင်းများဖွဲ့စည်းပေး ၍ ငွေကြေးအရင်းအနှီး ထူထောင် ပေးကာ ဈေးကွက်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ခေတ်မီစက်မှု လယ်ယာစနစ်နှင့် Contract Far-ming စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ရ မည့် စီမံကိန်းများ၊ ကျေးလက် ကုန်ထုတ်လမ်း၊ ကျေးလက်ရေ ရရှိရေး၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီ ပြီး အချိန်မီပြီးစီးအောင် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြော ကြားပြီး တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက် နေသည့် လုပ်ငန်းအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက် တင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ထားဝယ်မြို့နယ် မြို့သစ်(၄)လမ်းရှိ လုပ်ငန်းရှင် ဦးနိုင်နိုင်စိုး(ငံပြာရည်) လုပ်ငန်း ကို ကျန်းမာရေးနှင့်ပိုမိုညီညွတ်စွာ ထုတ်လုပ်နိုင်ရေး နည်းပညာ အကြံပေး တိုးချဲ့ဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် သမဝါယမဦးစီးဌာန မှ ထားဝယ်မြို့နယ် ဇဟာကျေးရွာ တွင် ဆောင်ရွက်သည့် အောင် သပြေ စိုက်ပျိုးရေးလုပ်ငန်းများ နှင့် ဝက်မွေးမြူရေးလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည် များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ထားဝယ်မြို့နယ် ဇဟာကျေးရွာ မြစိမ်းရောင်စီမံ ကိန်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး လုပ်ငန်းရှင် ၂၆ ဦးအတွက် ချေးငွေ ၁၂ ဒသမ ၂ သန်း၊ မွေးမြူရေး လုပ်ငန်းရှင် ၃၀ အတွက် ချေးငွေ ၁၃ ဒသမ ၈ သန်း၊ အရောင်း အဝယ် ၁၁ ဦးအတွက် ၆ ဒသမ ၆ သန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ၁၇ ဦးအတွက် ၇ ဒသမ ၉ သန်း စုစုပေါင်းချေးယူသူ ၈၄ ဦးအတွက် ချေးငွေစုစုပေါင်း ၄၀ ဒသမ ၅ သန်း ထုတ်ချေးထားရှိ သည့် လုပ်ငန်းအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်