
ထားဝယ် သြဂုတ် ၃၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် အိမ်သုံးအောက်ဆီဂျင်စက် (10-Liter)၊ ဆန်နှင့်ဆေးဝါးများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် အိမ်သုံး အောက်ဆီဂျင်စက် (10-Liter) အပါအဝင် ဆန်နှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ ယခုလှူဒါန်းသည့် အိမ်သုံး အောက်ဆီဂျင်စက်များကိုလည်း လိုအပ်သည့်နေရာ များသို့ ဆက်လက်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် အိမ်သုံးအောက်ဆီဂျင်စက် (10-Liter) အလုံး ၁၀၀၊ ဆန်အိတ် ၂၅၀၊ တစ်ကိုယ်ရေသုံးကာကွယ် ရေး ဝတ်စုံ ၁၀ ထည်တို့ကို ဦးကျော်ခင် (Tzu Chi Buddhist Foundation Yangon) က ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်၊၊
ဆက်လက်၍ ဦးကျော်ခင်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)