
ထားဝယ် ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ဖော်ထုတ်သိမ်းဆည်း ရမိသော ခိုးရာပါဆိုင်ကယ်များကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ထားဝယ်မြို့ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည် ခန်းမ၌ ယမန်နေ့က ပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ရဲတပ်ဖွဲ့၏ လုပ်ငန်း တာဝန်(၆)ရပ်နှင့် မှုခင်းမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွား ပြီးသော မှုခင်းများကို စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်ရေး စသည့် တာဝန်များ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ခရိုင် အတွင်းမှ ဖမ်းဆီးရမိသော ခိုးရာပါ ဆိုင်ကယ် ၁၅ စီးကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။
ရွှေပင်လယ်(ထားဝယ်)