ထားဝယ်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

 

ထားဝယ်    ဩဂုတ်   ၂၃
တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်   ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း    ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်   ဦးမြတ်ကိုက အနာဂတ်တွင်နိုင်ငံ့တာဝန်များကိုပခုံးပြောင်းတာဝန်ယူထမ်းဆောင် ကြမည့် ကျောင်းသား ကျောင်းသူ များ    အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေ ဖတ်ရှုသည့်    အလေ့အထများ ဖြစ်ပေါ်လာစေရန်၊   အသိဉာဏ် ပညာများကို  အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန်စသည့် အချက်များနှင့် ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး   ပွဲတော် ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက  စာပေ အသိပညာ   ဟောပြောပေးသော စာရေးဆရာ   အန်ကယ်ပညာနှင့် စာရေးဆရာ      ဖိုးရွှေသွန်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး     ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်   စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖြစ်မြောက်အောင် ဆောင် ရွက်ပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်   ချီးမြှင့်ကာ စကားရည်လုပြိုင်ပွဲတွင်  အနိုင်ရအဖွဲ့များအားဆုချီးမြှင့်ပြီး(ယာပုံ) တိုင်းဒေသကြီး   တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး က စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသောကျောင်း သား  ကျောင်းသူများအား   ဆုချီး မြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊    စီးပွားရေးရာ ဝန်ကြီး ဦးမောင်ကြီး၊ သယံဇာတ ရေးရာဝန်ကြီး  ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်တို့က   ပြိုင်ပွဲ အသီးသီးတွင် ဆုရကျောင်းသား ကျောင်းသူများအား      ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်   တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ   ဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသ ကြီး ဥပဒေချုပ်  ဦးအုန်းသန်းနှင့် တာဝန်ရှိသူများက    ပြိုင်ပွဲဝင် ကျောင်းသား  ကျောင်းသူ  ၁၀၀ တို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)