ထားဝယ်မြို့မှ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းပို့ချ

 

ထားဝယ်  အောက်တိုဘာ  ၃


ထားဝယ်မြို့ရှိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စောင့်ကြည့်ရေးစင်တာများ တွင်   တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် အသွား အလာကန့်သတ်စောင့်ကြည့်သောစင်တာများတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်းလူငယ်များအတွက်   အထောက်အကူပြု သင်တန်းကို    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က    ကြီးကြပ်၍  ထားဝယ်မြို့ မြို့တော်ခန်းမ၌ ယနေ့ဖွင့်လှစ်ပို့ချသည်။


သင်တန်းတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက တိုင်းဒေသကြီးအတွင်း ယခုလို သင်တန်းပေးခြင်းသည်  အဋ္ဌမအကြိမ် မြောက်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၇၀ ကျော်အား သင်တန်း ပေးခဲ့ပြီးဖြစ်ကြောင်း၊       မြိတ်နှင့်  ကော့သောင်းခရိုင်တို့တွင်လည်း သင်တန်းဖွင့်လှစ်ပို့ချပေးနေပြီဖြစ်ကြောင်း၊ သင်တန်းတွင်  ဆေးဘက် ဆိုင်ရာနှင့်   ပရဟိတလုပ်ငန်းဆိုင်ရာများကို    တာဝန်ရှိသူများက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့်အခါ  တွေ့ကြုံရသောအခက်အခဲများ ရှိနိုင်ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးမည်ဖြစ်၍    သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပေးကြရန်လိုကြောင်း   ပြောကြားသည်။ 


အဆိုပါသင်တန်းတွင် တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်  ၃၀ အား     ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုဘာသာရပ်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ Psycho Social Support နှင့် Counseling ဘာသာရပ်များ ၊ မြေပြင်တွင်လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ သင်ကြား ပို့ချပေးခဲ့သည်။                                      

တိုင်းဒေသကြီး(ပြန်/ဆက်)