ထားဝယ်၊ ကြည့်မြင်တိုင်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

 

နေပြည်တော်   ဧပြီ   ၂၅  
တနင်္သာရီတိုင်းဒေသကြီး   ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဧပြီ ၂၃ ရက် ည ၇ နာရီတွင်   ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်(၇)  လမ်း တွင် သက်ဇော်(ခ) ညောင်ညောင်အား  မော်တော်ဆိုင်ကယ်တစ်စီးနှင့် အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့်  စစ်ဆေးရှာဖွေရာ ၎င်းထံမှ  စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅  ပြားနှင့်   မြန်မာငွေကျပ်  ၆၈၀၀၀  တို့ကို သိမ်းဆည်းရမိခဲ့ပြီး  ည ၈  နာရီ  ၁၅ မိနစ်တွင်   ထားဝယ်မြို့   အိုးလုပ် ရပ်ကွက်   ကမြောကင်းလမ်းရှိ   ၎င်း၏နေအိမ်သို့  ဝင်ရောက်ရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေးပြား ၅၅၁၆ ပြားနှင့်  အိုက်စ် သုည ဒသမ ၃၇၅ ကီလိုတို့ကို  ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊     အလားတူ   ယင်းနေ့  ည  ၇  နာရီ ၄၅ မိနစ်တွင်  တနင်္သာရီတိုင်းဒေသကြီး  ရဲတပ်ဖွဲ့ဝင် များပါဝင်သော    ပူးပေါင်းအဖွဲ့သည်   ထားဝယ်မြို့    ဆင်ဆိပ်ရပ်ကွက်  (၇)လမ်းတွင် စန်းလွင်အား မော်တော်ဆိုင်ကယ်နှင့်အတူ  မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၉၇၅၀  ကို လည်းကောင်း။
ထို့အတူ  ဧပြီ  ၂၄ ရက်  နံနက် ၁၁ နာရီတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး   ရဲတပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည်   ကြည့်မြင်တိုင် မြို့နယ်ဘောဂရပ်ကွက်  တောလမ်းအမှတ်(မ/၅၆) နေ     မသီတာလှိုင်၏ နေအိမ်သို့   ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၅၆၀၀  ကို  လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၈ နာရီတွင်   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်းအဖွဲ့သည်  နောင်ချိုမြို့ ပါဟတ်ရပ်ကွက်  မန္တလေး - လားရှိုးသွားကားလမ်း မိုင်တိုင်   အမှတ်(၈၀/၄) အနီးတွင်  ဇော်ဝင်း(ခ)ကာဆင်   မောင်းနှင်လာသော AD Van   အမျိုးအစား   မော်တော်ယာဉ်ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၁၂၀၀၀၀ ကိုလည်းကောင်း   သိမ်းဆည်းရမိခဲ့ သဖြင့်  ၎င်းတို့အား    မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားကြောင်း    သိရသည်။              
ရဲပြန်ကြား