
၆-၂-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကြေညာချက်အမှတ် ၁/ ၂၀၂၂ ဖြင့် စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့်အခါသမယတွင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့် ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်၊၊
အဆိုပါ ကြေညာချက်သည် မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်နှင့် ဆွေးနွေးရာတွင် ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်၍ ကန့်သတ်ချက်မထားဘဲ လွတ်လွတ် လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတော်ကြီး အမြန်ငြိမ်းချမ်းလျက် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ စတင်လျှောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်အနေဖြင့် ယုံကြည်မျှော်လင့်မိပါသည်၊၊
သို့ပါသောကြောင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုဆွေးနွေးနိုင်ရေးဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်နိုင်ကြပါရန် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်သာယာစည်ပင်စေရေး အတူလက်တွဲ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ကြပါရန် တစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင်များကိုယ်စား တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်