ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့  ဖိတ်ကြားခြင်းနှင့်စပ်လျဉ်း၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA ၏ သဘောထားထုတ်ပြန်ချက် 

 

ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ 
ဖိတ်ကြားခြင်းနှင့်စပ်လျဉ်း၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA ၏
သဘောထားထုတ်ပြန်ချက် 
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၉ ) ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ် ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။  

 


ယခုလို စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား သို့ အချိန်မီတက်ရောက်ကြပါရန်နှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပ မည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြား အပ်ပါကြောင်း (၆ - ၂ - ၂၀၂၂) ရက်စွဲပါ ကြေညာချက်အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

 


အဆိုပါ ကြေညာချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အတွက် ရှေးရှုနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သက်ဆိုင်သူ အားလုံး တက်ရောက်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ကြေညာအပ် ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း Y M B A