မျှတ အလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု
လူတိုင်းနေ့စဉ်နှင့်အမျှ ကုန်စည်နှင့် ဝန်ဆောင်မှုတို့ကို မဖြစ်မနေ ဝယ်ယူစားသုံးနေကြရသည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီက စားသုံးသူများသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ အင်အားအကြီးဆုံးဖြစ်သော်လည်း ၎င်းတို့၏အသံကို နားမထောင် ကြဘဲ မေ့လျော့နေကြသည်ဟု ဆိုခဲ့သည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ကွန်ဂရက်လွှတ်တော်တွင် သမ္မတ ကနေဒီ ထုတ်ဖော်ပြောကြားခဲ့သည့် ၁၉၆၂ ခုနှစ် မတ် ၁၅ ရက်နေ့ ကို အကြောင်းပြုကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် နှစ်စဉ် မတ်လ ၁၅ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကျင်းပကြခြင်းဖြစ်သည်။