လူမှုရေး

ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှသည် စိုက်ပျိုးမွေးမြူ‌ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ဖွံ့ဖြိုးတိုးတက်မှု လင်းရောင်ခြည်များ

 

မြင့်မြတ်သစ္စာ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့သည်  အမြန်လမ်း ၁၁၅ မိုင်အနီးတွင်တည်ရှိပြီး မိုးရာသီတွင် မိုးကောင်းသောဒေသဖြစ်၍ မိုးစပါးအောင်မြင်ဖြစ်ထွန်းရာ ဒေသတစ်ခုဖြစ်သည်။ အလယ်ရိုးမမှ စီးဆင်းလာသောရေကို ဖြူးမြို့၏အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် ဖြူးချောင်းရေလှောင်တမံဖြင့် ထိန်းသိမ်းထားရှိပြီး  နွေရာသီတွင်  နွေစပါးများအတွက် ဆည်ရေများပို့လွှတ်ပေးနေသည့်အပြင် ရေအားလျှပ်စစ်ထုတ်၍ နိုင်ငံတော်ဓာတ်အားလိုင်းအတွင်း ပို့လွှတ်ကာ ပြည်သူတို့လိုအပ်သော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးရာ ဆည်တမံတစ်ခုလည်းဖြစ်သည်။

Subscribe to လူမှုရေး