သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လူတိုင်း တစ်နှစ် သစ်ပင်နှစ်ပင်စိုက်ကြစို့(ကြေးမုံ)
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းဟာ နောက်တစ်နေ့၊ နောက်တစ်လ၊ နောက်တစ်နှစ် ဘာဖြစ်မလဲဆိုတာ သိချင်ကြတာသဘာဝပါပဲ။ အနာဂတ် ကမ္ဘာဟာ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ပါ့မလား၊ အနာဂတ်ပတ်ဝန်းကျင်မှာ ဒုက္ခအပေါင်းမှ ကင်းဝေးချင်၊ အနာဂတ် ဘာဖြစ်မလဲသိချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနာဂတ်ဘဝကို စိုးရိမ်ပူပန်ပြီး တွေးပူလို့ဖြစ်ပါတယ်။