မိမိနိုင်ငံဖွံ့ဖြိုးဖို့ မိုဘိုင်းဖုန်းများကို အကျိုးရှိစွာသုံးစွဲကြပါစို့
ဆောင်းပါး
=====
မိမိနိုင်ငံဖွံ့ဖြိုးဖို့ မိုဘိုင်းဖုန်းများကို အကျိုးရှိစွာသုံးစွဲကြပါစို့
=======================================
နိုင်ဦး(DOCA)
==========
ယနေ့ခေတ်တွင် ဖွံ့ဖြိုးမှုဟူသည့်စကားရပ်သည် နယ်ပယ်စုံတွင် ခေတ်စားလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတိုင်းလိုလိုတွင် တိုးတက်ရေး၊ ဖွံ့ဖြိုးရေးအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ဆောင်ရွက်လျက် ရှိနေသည်မှာ အားရစရာကောင်းလှသည်။



