ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများကို လေ့လာခြင်း (အစ္စရေးနိုင်ငံ)
ရှင်ကုကူး
နိဒါန်း
၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်ချက် အရ ပါလက် စတိုင်းဒေသ၌ ဂျူးလူမျိုးများအတွက် နိုင်ငံတစ်နိုင်ငံ ထူထောင်ခွင့်ရရှိခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်အရ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ ပါသည်။ ထိုနိုင်ငံမှာ ခေတ်သစ်ဂျူးနိုင်ငံဟု ခေါ်သော အစ္စရေးနိုင်ငံပင်ဖြစ်သည်။
ပထဝီဝင်အနေအထား