ဓာတ်ပုံများကပြောသော နှစ်တစ်ရာခရီး
သန္တာအေး
အချိန်ကား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက် စနေနေ့ ဖြစ်ပါသည်။ သာယာလှပသော နံနက်ခင်း၏နေခြည်အောက်တွင် ကျွန်မတို့ အင်းလျားညီအစ်မများ အတွေးကိုယ်စီဖြင့် ရင်ခုန်စိတ်လှုပ်ရှားလို့ နေပါသည်။ အကြောင်းမှာ ကျွန်မတို့ချစ်သော အင်းလျားဆောင်ကြီး၏ ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအထိမ်းအမှတ် လှုပ်ရှားမှုအနေဖြင့် အင်းလျားဆောင် ဓာတ်ပုံပြပွဲကို ဖွင့်လှစ်ရန် အချိန်အနည်းငယ်သာ လိုတော့၍ ဖြစ်ပါသည်။
- Read more about ဓာတ်ပုံများကပြောသော နှစ်တစ်ရာခရီး
- Log in to post comments