ကြေးမုံ စာတည်းရှုထောင့်

စေတနာ့ဝန်ထမ်း ကြိုးပမ်းထမ်းရွက်

စေတနာ့ဝန်ထမ်းဆိုသည်မှာ  အခကြေးငွေ၊  အကျိုးအမြတ် တစ်စုံတစ်ရာမျှ မယူဘဲ  တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊  အများအတွက်ဖြစ်စေ အနစ်နာ ခံ၍  အချိန်ပေးဆောင်ရွက်နိုင်သူကို   ခေါ်ဆိုသည်။    တစ်နည်းဆိုလျှင် ကောင်းမြတ်သောစေတနာဖြင့် အမှုကိစ္စဝန်တစ်ခုကို အခမဲ့ထမ်းဆောင်ခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာတွင် Volunteer အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
 
စေတနာ့ဝန်ထမ်းလုပ်ငန်းကို အရပ်ဘက်လူမှုရေးလုပ်ငန်းဖြစ်သည်ဟု  ထင်မြင်နိုင်ဖွယ်ရှိသော်လည်း      အစိုးရ၏ဌာနအဖွဲ့အစည်းလုပ်ငန်းများ ဘက်၌လည်း စေ

သမိုင်းမော်ကွန်းရေးထိုးခဲ့သည့် တက္ကသိုလ်

အယ်ဒီတာ့အာဘော်

==============

မြန်မာနိုင်ငံ၏ အထင်ကရ  ရန်ကုန်တက္ကသိုလ်ကြီး  ဖြတ်သန်းခဲ့သောကာလ တစ်လျှောက်အတွင်း  နိုင်ငံနှင့် လူမျိုးအတွက် ထင်ရှားသော  သမိုင်းမော်ကွန်း များ၊  မှတ်တိုင်များ ရေးထိုးစိုက်ထူနိုင်ခဲ့သည်။  ဗြိတိသျှအစိုးရသည်  ရန်ကုန် တက္ကသိုလ်အက်ဥပဒေကိုပြဋ္ဌာန်းပြီး   တက္ကသိုလ်နယ်မြေအဖြစ်   ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်  စတင်သတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏  နှစ်  (၁၀၀)  ပြည့်  ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

မြတ်ဗုဒ္ဓပြည်တော်ဝင် တပေါင်းလပြည့်နေ့

တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။  ဥဒေါင်းငှက်အပေါင်းတို့  ပျော်မြူးတွန်ကျူးသောလ၊ တောပန်း တောင်ပန်းတို့  ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။  သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။  
 
သာယာရှုမောဖွယ်ကောင်းသော  တပေါင်းလတွင်  မြတ်ဗုဒ္ဓဘုရားရှင် အား  ဖခမည်းတော်  သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော်အပေါင်း တို့က ဖူးမြော်ခွင့်ရရန် မျှော်လင့်နေကြသည်။ ထိုအခါ ကာဠုဒါယီမထေရ်မြတ် က အေးချမ်းသာယာမှုအပေါင်းနှင့်  ပြည့်စုံသော တပေါင်းလတွင် မြတ်ဗုဒ္ဓအား ကပိလဝတ်ရွှေမြို့တော်သို့  ဒေသစာရီကြွချီ

ကျောင်းဝန်းကျင်ကောင်းများ ဖြစ်ထွန်းရေး

မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေ ပမာဏသည် လူငယ်အားလုံး၏ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ် များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များ ဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။
 
ပညာသင်ကြား လူငယ်လူရွယ်များမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အမွေခံကောင်းများဖြစ်၍ ပညာတတ်မြောက်ထူးချွန်ရေးအတွက် သာမက စိတ်ဓာတ်၊ စာရိတ္တ၊ ကျန်းမာကြံ့ခိုင်မှု စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိအောင် စဉ်ဆက်မပြတ် ဖန်တီးဖော်ဆောင်ပေးနေသည်။ မတ်လ ၂ ရက် နေ့က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်၊ ကောလိပ် များတွင် သက်ရွယ်အဆင့်တူ  ကျန်းမာရေးပညာ

အနုပညာဂုဏ်အင်စုံလင် မြန်မာ့ရုပ်ရှင်

အယ်ဒီတာ့အာဘော်

==============

 

 

ရုပ်ရှင်သည် ခံစားမှုနှင့်နည်းပညာပေါင်းစပ်ထားသော ဆန်းကြယ်သော ပညာရပ်ဖြစ်သည်။ ရုပ်ရှင်ပေါ်ဦးစမှ ယနေ့မျက်မှောက်ကာလအထိ ထိုပညာ ရပ်သည် လူသားအားလုံးတို့ကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်အနုပညာကဏ္ဍမှ ကမ္ဘာ့လူသားများအား ကောင်းမွန်သော၊ ဆန်းပြား သော အနှစ်သာရများ ပေးစွမ်းနိုင်အောင်၊ ကျန်ရစ်စေအောင် အစဉ်ကြိုးပမ်း အားထုတ်လျက်ရှိသည်။

 

Subscribe to ကြေးမုံ စာတည်းရှုထောင့်