ရောဂါကင်းဝေးရေး သတိထားလုပ်ကိုင်
အယ်ဒီတာ့အာဘော်
==============
ရောဂါကင်းဝေးရေး သတိထားလုပ်ကိုင်
=============================
ကိုဗစ်-၁၉ ရောဂါသည် ပရိယာယ်မာယာများလှသည်။ ရောဂါ၏ အတိမ်အနက်၊ ရောဂါဖြစ်ပွားမှုပုံပန်းသဏ္ဌာန် လက္ခဏာကို ခန့်မှန်းရန်မှာ မလွယ်ကူပေ။ အထူးသဖြင့် ရောဂါပိုးရှိသော်လည်း ရောဂါရှိမှန်း မသိနိုင် သည်မှာ အလွန်ဆိုးရွားသောအချက် ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရောဂါပိုးတွေ့လူနာများတွင် ရောဂါလက္ခဏာမပြသသူ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း အသိပေးထားသည်။