သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပထမလေးလပတ်လုပ်ငန်း ညှိနှိုင်းစည်းဝေး

 

 

နေပြည်တော် ဇန်နဝါရီ ၂၅

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် (ပထမအကြိမ်) လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ Virtual Online ဖြင့်ကျင်းပသည်။

အစီအစဉ်များ ရေးဆွဲ

အစည်းအဝေးတွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မိမိတို့ ဝန်ကြီးဌာန ၏ ရေရှည်မျှော်မှန်းချက်ဖြစ်သည့် “နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို လက်ရှိနှင့် အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသား များအားလုံးအတွက် အကျိုးအရှိဆုံး ဖြစ်အောင် စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်သွားရန်” ဆိုသည့်အတိုင်း နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များအား သားစဉ်မြေး ဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသောနည်းလမ်း ဖြင့် ထုတ်ယူသုံးစွဲရန်နှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှ လျော့နည်းသက်သာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဟန်ချက် ညီညီ သဟဇာတရှိရှိဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ခေတ်နှင့်အညီ ဖြစ်စေရေး ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တော သယံဇာတများ၊ တောရိုင်းတိရစ္ဆာန် များနှင့် ဂေဟစနစ်များ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင် ခြင်း ၁၀ နှစ်လုပ်ငန်း အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။

ကူညီဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သစ်တော သယံဇာတအခြေအနေ ဆန်းစစ် လေ့လာခြင်း အစီရင်ခံစာအရ နိုင်ငံ အကျယ်အဝန်း၏ ၄၂ ဒသမ ၁၉ ရာခိုင် နှုန်းသည် သစ်တောဖုံးလွှမ်းမှုရှိသည့် ဧရိယာများအဖြစ် တိုင်းတာတွက်ချက် ရရှိထားပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ ဖွဲ့စည်းခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ အစိုးရ လက်ထက်တွင် ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကို လျာထားချက်၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ဧရိယာဧက ၅ သိန်း ၆ သောင်းကျော် ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ရည်မှန်း ချက်ပြည့်မီရေး တိုင်းဒေသကြီး/ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး များက ကူညီဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ မြန်မာနိုင်ငံ သစ်တောများရေရှည်တည်တံ့စေရေးအတွက် မြန်မာ့ ရွေးချယ်ခြင်းစနစ် (Myanmar Sele-ction System-MSS) ကျင့်သုံး ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိရေးဆွဲ ပြဋ္ဌာန်းထားသည့် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများအရ နှစ်စဉ်တောထွက် (Annual Allow-able Cut-AAC)မှာ ကျွန်းပင် ၁၉၂၁၀ နှင့် သစ်မာ ပင် ၅၉၂၃၃၀ သတ်မှတ် ထားပါကြောင်း၊ ထုတ်လုပ်မှုအား AAC သတ်မှတ်ပမာဏထက် လျော့နည်းထုတ်လုပ်လျက်ရှိကြောင်း၊ ဆင်ထိန်း သိမ်းစောင့်ရှောက်ရေးအခြေပြု ခရီး သွားလုပ်ငန်းများမှာ သဘာဝပတ်ဝန်း ကျင်မထိခိုက်ဘဲ နိုင်ငံတော်ဝင်ငွေရရှိ ပြီး ဆင်များထိန်းသိမ်းစောင့်ရှောက် ရေးတွင် ပါဝင်စေသည့် အစိမ်းရောင် စီးပွားရေးလုပ်ငန်း (Green Economy) ဖြစ်သည့်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ ဆင်စခန်း ၂၂ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင်သစ် ၁၀၆၂၅ တန်၊ တရားခံ ၁၀၇၀ ဦး၊ ယာဉ်/ယန္တရား ၄၉၆စီး ဖမ်းဆီးရမိခဲ့ ပါကြောင်း။

ခွင့်ပြုမိန့်ထုတ်ပေး

ဝန်ကြီးဌာနမှ ဆောင်ရွက်သော အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ တိုက်တွန်း ကြောင်း အဆိုများ၊ မေးမြန်းချက်များ ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်အဆိုနှင့် မေးခွန်းများ စုစုပေါင်း ၄၄၃ ခု ဖြေကြားခဲ့ပါကြောင်း၊ သတ္တုကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့ ကျောက်မျက်ရတနာ နည်းဥပဒေများ ကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား အတည်ပြုပြဋ္ဌာန်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရ ရေနံနှင့်ရေနံ ထွက်ပစ္စည်းတစ်မျိုးမျိုးကို သိုလှောင် ခွင့်လိုင်စင်နှင့် သယ်ယူခွင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာ အမိန့်ကြော်ငြာ စာကို အတည်ပြုထုတ်ပြန်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသေးစား၊ လက်လုပ်လက်စား သတ္တု တူးဖော်ရေးအတွက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့မှ အသေးစားနှင့် လက်လုပ်လက်စား သတ္တုတွင်းဥပဒေပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသ ကြီး/ပြည်နယ်များက ဥပဒေထွက်ရှိနိုင် ရေး တွန်းအားပေးဆောင်ရွက်စေလို ပါကြောင်း၊ အသစ်ပြဋ္ဌာန်းခဲ့သည့် မြန်မာ့သတ္တုတွင်းနည်းဥပဒေသစ်နှင့် အညီ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ များက စီမံခန့်ခွဲမည့် ဓာတ်သတ္တု အသေးစား၊ လက်လုပ်လက်စား နယ်မြေဧရိယာများ သတ်မှတ်ပေးခဲ့ ပြီးဖြစ်ကြောင်း၊ ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်း ပိုမိုဆောင်ရွက် ခွင့်ရရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ထပ်မံတင်ပြ အဆိုပြုလာသည့် ဓာတ်သတ္တု လုပ်ကွက်များကိုလည်း စိစစ်ခွင့်ပြုပေး လျက် ရှိပါကြောင်း၊ ဓာတ်သတ္တုရှာဖွေ ရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ် မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း များတွင် ပြည်တွင်းကုမ္ပဏီ ၃၈ ခု၊ ပြည်ပကုမ္ပဏီ ၁၃ ခုနှင့် ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဝိုင်းဝန်း ပူးပေါင်းကူညီ

ရတနာနယ်မြေအတွင်း တရား မဝင် ကျောက်ရှာဖွေသူများနှင့် ပတ်သက်၍ ကြပ်မတ်ဆောင်ရွက် ပေးပါရန်နှင့် ကျောက်စိမ်းရိုင်းများ ဖမ်းဆီးရမိမှုကို ဝန်ကြီးဌာနမှ ချမှတ် ထားသော လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နေမှုများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကလည်း ညှိနှိုင်း ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီး သွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးနှင့် ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ရရှိနိုင်စေရေး အတွက် နိုင်ငံပိုင်ပုလဲကျွန်းစခန်းနှင့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ပုလဲမွေးမြူသည့် ကျွန်းစခန်း လေးခု သို့ ခရီးသွားဧည့်သည်များ ဝင်ရောက် လေ့လာခွင့်ပြုခဲ့ပါကြောင်း၊ သစ်တော နှင့် ဓာတ်သတ္တုသယံဇာတများ ရေရှည် တည်တံ့စေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို သဟ ဇာတဖြစ်အောင်ထိန်းညှိ ဆောင်ရွက် ရာတွင် အဆိုပါလုပ်ငန်းများသည် ကဏ္ဍစုံဆက်စပ်နေပြီး အလွန်ကျယ် ပြန့်သည့်အလျောက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ဝိုင်းဝန်း ပူးပေါင်းကူညီ ထိန်းသိမ်းဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြား သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများက Virtual Online ဖြင့် တက်ရောက်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

သတင်းစဉ်