သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ

 

နေပြည်တော်   ဇွန်   ၂၉ 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန   ပိုက်ကျော်ခြင်း   (အမျိုးသား)  နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အားကစား ပြိုင်ပွဲများ   ဆုချီးမြှင့်ပွဲအခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ အားကစားရုံ (C)ရုံ၌ ကျင်းပသည်။ 


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး   ဦးခင် မောင်ရီ၊  ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊   အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊   ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ  တက်ရောက်ကြပြီး  ဘော်လီဘော (အမျိုးသား)   ပြိုင်ပွဲဗိုလ်လုပွဲကို   ကြည့်ရှုအားပေး သည်။ 


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘော်လီဘော (အမျိုးသား)  ပထမဆုရ  သစ်တော ရေးရာ−B အသင်းကို ပြည်ထောင်စုဝန်ကြီး   ဦးခင် မောင်ရီက ဆုဖလားနှင့် ငွေသားဆုငွေကျပ် ၃၀၀၀၀၀ ကိုလည်းကောင်း၊  ပိုက်ကျော်ခြင်း (အမျိုးသား)  ပထမဆုရ သစ်တောဦးစီးဌာနအသင်းကို  ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးက ဆုဖလားနှင့် ငွေသားဆု ငွေကျပ် ၃၀၀၀၀၀ ကို လည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပထမဆုရ   ပြည်ထောင်စုဝန်ကြီးရုံး (သစ်တောရေးရာ) အသင်းကို အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်က ဆုဖလားနှင့် ငွေသားဆု ငွေကျပ်  ၃၀၀၀၀၀ ကိုလည်းကောင်း၊ ပိုက်ကျော် ခြင်း   အမျိုးသားနှင့်  ဘော်လီဘော   အမျိုးသား/အမျိုးသမီး  ဒုတိယဆု ငွေသားဆုငွေကျပ် ၂၀၀၀၀၀၊ တတိယဆု ငွေသားဆုငွေကျပ် ၁၀၀၀၀၀ နှင့် နှစ်သိမ့် ဆုများကို ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရ သည်။                                            

 

သတင်းစဉ်